Chapter 3.1

8.1K 1K 27
                                    

Unicode

(လက်ထပ်ခြင်းအတွက် အ‌ကြောင်းပြချက်)

အဝတ်လှန်းပြီးသည့်နောက်တွင်လည်း ယွီသုံ အ‌တွေးထဲ၌နစ်မြောနေဆဲပင်။သူမက အခုလက်ထပ်ပြီးပြီဆိုတော့ sexyကျတဲ့
အတွင်းခံတွေကို ဝယ်သင့်ပြီလား?

ရှဖန်မှာဖြင့် ယွီသုံ‌တွေးနေသည်များကိုမသိဘဲ ရှက်ကိုးရှက်ကန်းဖြစ်နေဆဲပင်ဖြစ်သည်။ယွီသုံက သူရဲ့မိန်းမဆိုပေမယ့်လည်း သူတို့တစ်ယောက်နဲ့တစ်ယောက်သိကြတာ စုစုပေါင်း၂ရက်ပဲရှိသေးတယ်လေ။အချင်းချင်းစိမ်းနေကြသေးတာကို ဒီမိန်းကလေးက ရင်းနှီးသလိုလုပ်ပြီးတော့ အတွင်းခံကိုတောင်မှ မရှက်မ‌ကြောက်ပြနေတာပဲ။ဒီ‌ကောင်မ‌လေးက တကယ်ကို တစ်ခုခုတော့ တစ်ခုခုပဲ!!

ထို့နောက် ရှဖန်လည်း သက်တောင့်သက်သာဖြစ်မည့် အဝတ်အစားများလဲလှယ်ရန် အခန်းထဲသို့ဝင်လာခဲ့သည်။ခဏကြာပြီးသည့်‌နောက် ဧည့်ခန်းသို့ပြန်ရောက်လာချိန်၌ ယွီသုံသည် သူ ဝယ်လာခဲ့သည့်ပစ္စည်းများအား လှန်လှောကြည့်ရှုနေ‌လေ၏။

" လည်စည်းတွေရယ်၊လက်ပတ်နာရီတွေရယ်... "ယွီသုံ အိတ်များကို လှန်လှောရှာဖွေနေ‌လေသည်။" အာဟာရဖြည့်စွက်စာလည်းပါတာပဲ...ဒါတွေက မနက်ဖြန် ကျွန်မယူသွားရမယ့် ပစ္စည်းတွေလား? "

ထိုကိစ္စအား ယွီသုံ အရင်လက်ဦးမှုရယူသွားပြီး သိရှိသွားသဖြင့်
ရှဖန် ပါးစပ်ဖွင့်ရန် အပင်ပန်းမခံတော့ပဲ ခေါင်းငြိမ့်ပြလိုက်‌သည်။

" ပိုးလည်စည်းကတော့အဆင်ပြေပါတယ်။ဒါပေမယ့် အရည်အသွေးကိုကြည့်လိုက်ဦး။ပြီးတော့ ဒီနာရီက အနည်းဆုံး ယွမ်လေး၊ငါးသောင်းလောက်တန်ဖိုးရှိလိမ့်မယ်။ဘယ်လိုလုပ်ပြီး ကျွန်မလို ဘွဲ့ရပြီးခါစ ငမွဲလေးတစ်ယောက်က ဒီလောက်ကြီးတတ်နိုင်ပါ့မလည်း‌? " ယွီသုံ နာရီဗူးကိုကောက်ယူကာပြောလိုက်သည်။" ရှင့်အမေက ဒါ‌တွေကိုသာမြင်ရင်တော့ ဒီအရှက်မရှိတဲ့ငချွတ်မလေးက ငါ့ကို
လက်ဆောင်ပေးဖို့အတွက် ငါ့သားပိုက်ဆံတွေကို ဘယ်လိုလုပ်ပြီးသုံးရဲတာလည်းဆိုပြီး တွေးနေလိမ့်မယ် "

" ...... "ရှဖန် သက်ပြင်းချပြီး ပြန်လည်ချေပပြောဆိုလိုက်သည်။
" ငါ့အမေက အဲ့လိုပြောမှာမဟုတ်ဘူး "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now