Chapter 4.1

7.2K 1K 9
                                    

Unicode

သိပ်မကြာခင် ယွီသုံတို့နှစ်ယောက် မားမားရှ၏အခန်းရှေ့သို့ ‌ရောက်ရှိလာခဲ့ကြသည်။ရှဖန်မှာ တံခါးခေါက်ရန်ပြင်လိုက်သော်လည်း ယွီသုံ၏မျက်နှာသည် အနည်းငယ်ဖြူဖျော့ဖျော့ဖြစ်‌နေသည်ကို သတိပြုမိသွားသဖြင့် တန့်သွားခဲ့ရသည်။

" စိတ်လှုပ်ရှား‌နေတာလား? "မယုံကြည်နိုင်စွာဖြင့် ရှဖန် ‌မေးလိုက်
သည်။

" ဘယ်ချွေးမကများ ယောက္ခမနဲ့ ပထမဆုံးအကြိမ်‌တွေ့တဲ့အခါမှာ စိတ်မလှုပ်ရှားပဲ‌‌နေလို့လည်း? "

" အခြားလူတွေကတော့ ဖြစ်နိုင်ပေမယ့် မင်းကတော့အဲ့ဒီ‌လိုဖြစ်လိမ့်မယ်လို့ထင်မထားဘူး "ယွီသုံ၏မျက်နှာသည် ပို၍ပင်ဆိုးလာ‌သောအခါ ရှဖန်ပြုံးလိုက်ပြီး နှစ်သိမ့်‌ပေးရန်အတွက် သူမဘက်သို့လှည့်၍ ‌ပြောလိုက်သည်။" စိတ်မပူပါနဲ့ကွာ...ငါ့မိဘတွေက သဘောကောင်းကြပါတယ် "

ယွီသုံလည်း သက်ပြင်းချလိုက်ပြီး စိတ်ပိုင်းဖြတ်ကာ ရှဖန်အား
ဆက်သွားရန် အရိပ်ပြလိုက်သည်။

" အဖေ! "ရှဖန်လည်း အိပ်ယာပေါ်တွင်လှဲလျောင်းနေသည့် မိခင်ဖြစ်သူအား နှုတ်မဆက်ခင် ဖခင်ဖြစ်သူအား အရင်နှုတ်ဆက်လိုက်သည်။" အမေ...ဒီနေ့ရောဘယ်လိုနေလည်း? "

သို့သော် သူ၏မိခင်နှင့်ဖခင်ဖြစ်သူတို့သည် ရှဖန်ဆီ၌ အာရုံအနည်းငယ်သာရှိကြပြီး သူတို့၏မျက်လုံးများမှာ တံခါးပေါက်ဝတွင်သာ
ရစ်ဝဲနေကြသည်။

ရှဖန် နားမလည်သည့်ပုံဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သောအခါမှ ယွီသုံဝင်မလာသေး‌ကြောင်း သိရလေသည်။ရှဖန်လည်း သဘောကျစွာဖြင့် တံခါးဆီသို့ပြန်လျှောက်သွားပြီး ပုန်းနေသည့်ယွီသုံအား အထဲသို့ဆွဲသွင်းလာခဲ့ပြီး ‌နောက်ဆုံး၌ ယွီသုံကို မိဘများနှင့် မိတ်ဆက်ပေးလိုက်သည်။

" အဖေနဲ့အမေ....သူက ယွီသုံပါ! "

" ယွီသုံ? "မာမားရှသည် ယွီသုံအား တိတ်တခိုးကြည့်လိုက်ပြီးနောက် ရှုပ်ထွေးသွားပြီး ဖွင့်ဟ‌မေးမြန်းလာခဲ့သည်။" အန်အန်းက ဘယ်မှာလည်း?ဒီ‌နေ့ ငါတို့ကိုလာတွေ့မယ့်သူကို အန်အန်းလို့ထင်နေတာ "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now