Chapter 8.2

6.5K 1K 14
                                    

Unicode

" အားလုံးပဲ မင်္ဂလာ‌ပါ။အခုနားဆင်‌နေရတာကတော့ FMလိုင်း
၉၆၆၆ပဲ ဖြစ်ပါတယ်။'Midnight Phantom'အစီအစဉ်က‌နေ ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ DJ Fish Jelly(ယွီသုံ)ပါ "ထိုသို့ပြောပြီးနောက် အစီအစဉ်အား တရားဝင်စတင်လိုက်သည်။ထို့နောက် သူမ အဖွင့်စာကြောင်းကို ကျွမ်းကျင်ပိုင်နိုင်စွာဖတ်ပြပြီး သီချင်းတစ်ပုဒ် ထုတ်လွှင့်ပေးလိုက်သည်။

" ဒီသီချင်းလေးကတော့ အခုထိ အိမ်ပြန်တဲ့လမ်းပေါ်မှာ ရှိနေဆဲဖြစ်တဲ့ လူ‌အားလုံးအတွက်ပါ။ဒီသီချင်းလေးက ရှင်တို့နဲ့အတူရှိနေပေးတော့ ရှင်တို့တစ်ယောက်တည်း အထီးကျန်စေမှာ မဟုတ်‌တော့ပါဘူး "

" ကဲ... နောက်ဆုံးမှာတော့ တစ်စုံတစ်ယောက်က ကျွန်မတို့ဆီကို မေးခွန်းမေးဖို့အတွက် စာပို့လာခဲ့ပါပြီ။အဲ့ဒီနားဆင်သူ မေးမြန်းထားတာကတော့ ' ဒီအစီအစဉ်က ဘာဖြစ်လို့ Midnight Phantomလို့ ခေါ်တာပါလဲတဲ့။Midnight ‌Phantom
က ထိတ်လန့်ဖွယ်ရာရုပ်ရှင်ဆိုတော့ မင်းက သရဲပုံပြင်တွေ မပြောသင့်ဘူးလားတဲ့? ' "

ယွီသုံ ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။" ဒီအစီအစဉ်နာမည်က Phantom of Midnightဆိုတဲ့ ရုပ်ရှင်နဲ့ မဆိုင်ပါဘူး။ဒီအစီအစဉ်က နာမည်‌လေးအတိုင်းပဲ ညသန်းခေါင်ယံက အလှတရားလေးဖြစ်ပါတယ်။အလှတရားလေးက ဘယ်မှာလည်းလို့ မေးကောင်းမေးနိုင်ပါတယ်။အဲ့ဒီအလှတရားကတော့ ဒီမှာရှိ‌နေတဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်တဲ့ ရှင်တို့ရဲ့ DJ Fish Jellyပါ....... "

" ကောင်းပါပြီ...အခုချိန်ကတော့ ကျွန်မတို့ရဲ့ နား‌သောတဆင်သူ အပေါင်း ဖုန်းခေါ်လို့ရမယ့် အချိန်ကို‌ရောက်ရှိလာခဲ့ပါပြီ။စိတ်ပါဝင်စားတဲ့ သူငယ်ချင်းတွေအားလုံး ဖုန်းခေါ်ပြီးတော့ Fish Jellyနဲ့ စကားပြောနိုင်ပါတယ်။ဘယ်လိုအကြောင်းအရာမျိုးမဆို‌ပေါ့...သရဲပုံပြင်တွေကိုလည်း တောင်းဆိုလို့ရပါတယ်။ကဲ...ဒါဆိုရင် ကျွန်မ သီချင်းလေးတွေ ဆက်ဖွင့်ပြရင်းစောင့်နေပါမယ်။တကယ်လို့ပရိတ်သတ်ထဲမှာ ဖုန်းဆက်မယ့်သူငယ်ချင်း‌တွေ မရှိခဲ့ရင်လည်း ကျွန်မက အားလုံးအတွက် သီချင်းလေးတွေ ဆက်လက်ဖွင့်ပြ‌ပေးသွားပါမယ် "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now