Chapter 30

6.5K 1K 33
                                    

Unicode

ရှဖန် ကားအတွင်းမှအပူ‌ပေးစက်ကို အနည်းငယ်တိုးလိုက်သည်။သူ၏‌ဘေးရှိ ထိုင်ခုံတွင် ပင်ပန်းနွမ်းနယ်နေသည့်ယွီသုံမှာ အိပ်ပျော်နေလေသည်။

ရေဒီယိုအသံလွှင့်ရုံမှ ဆေးရုံသို့ တစ်နာရီခန့်ကားမောင်းရပြီး ယခုလမ်းအခြေအနေနှင့်ဆိုလျှင် ထိုထက်ပင် ပိုကြာနိုင်သည်။

ယွီသုံသည် အလွန်ပင်ပန်းနေပြီး လူးလှိမ့်ကာ ‌အိပ်ပျော်နေသည်။

နေအလင်းရောင်များအားကာကွယ်ရန် ရှဖန် သူ၏ဂျာကင်ကိုယူ၍ ယွီသုံအပေါ်မှ တွဲလောင်းချ၍ ကာထားပေးလိုက်သည်။

ရှဖန်ဘက်သို့လှည့်မလာခင် သူမအနည်းငယ် လှုပ်ရှားလိုက်သည်။နီရဲနေသည့် သူမ၏မျက်နှာလေးကိုကြည့်ကာ ရှဖန်ပြုံးလိုက်မိသည်။

မနက်ခင်းအချိန်၌ ကားအလွန်ပိတ်သော်လည်း ကားအတွင်းရှိ အခြေအနေမှာ ငြိမ်သက်၍‌ပျော်ရွှင်စရာပင်ဖြစ်သည်။

ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာထဲမှာ မင်းတစ်ယောက်ကပဲ ကိုယ့်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်တာ...

ရှဖန် ရုတ်တရက် ထိုစာသား၏အဓိပ္ပာယ်ကို နားလည်သွားသည်။

ကားကို ဖြည်းညှင်းစွာမောင်းနှင်းရင်း မြို့ထဲသို့ဝင်လာခဲ့သည်။ရှဖန်အနေဖြင့် ယွီသုံအား မနှိုးချင်သေးသော်ငြားလည်း ကားထဲ၌ဆက်အိပ်နေလျှင် သက်တောင့်သက်သာရှိလိမ့်မည်မဟုတ်ဟု တွေးမိသည်။

" ယွီသုံ... "ရှဖန် ညှင်သာစွာပင် နှိုးလိုက်သည်။

သို့သော် ယွီသုံမှာ နိုးမလာဘဲ ဆက်အိပ်နေလေသည်။

" ယွီသုံ...ထတော့လေ...ကိုယ်တို့အိမ်ရောက်နေပြီ "ရှဖန် သူမ၏လက်မောင်းကို နူးနူးညံ့ညံ့ကိုင်လှုပ်ကာ ထပ်နှိုးလိုက်သည်။

" ဟင်? "သူမ မျက်လုံးပြန်မမှိတ်ခင် ရီဝေဝေမျက်လုံးများဖြင့် ရှဖန်အားကြည့်လိုက်သည်။" ကျွန်မ အရမ်းအိပ်ချင်လို့... "

" ကားပေါ်ကနေထပြီးတော့ အိပ်ယာထဲသွားအိပ်လေ "ယွီသုံ၏တုံ့ပြန်မှုကြောင့် ရှဖန်ရယ်လိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now