Chapter 31_2

6.5K 1K 65
                                    

Unicode

နောက်တစ်နေ့မနက်စောစော၌ ယွီသုံနိုးလာချိန်တွင် ရှဖန်သည် အလုပ်သို့ ထွက်ခွာသွားပြီဖြစ်သည်။

စားပွဲပေါ်၌ ဆန်ပြုတ်ပန်းကန်နှင့်အတူ စာရွက်လေးတစ်ခုပါ ရှိနေလေသည်။

[ ဆန်ပြုတ်ကို များများ‌သောက်နော်!အပြင်သွားရင်လည်း လည်စည်းပတ်ဖို့ မမေ့နဲ့ ]

သူမ ရယ်လိုက်ပြီး စာရွက်ကို စားပွဲပေါ်၌ချထားလိုက်ကာ သူမအတွက် အလွန်ချိုမြိန်သည့် အရသာရှိသော ဆန်ပြုတ်ကို စတင်သောက်သုံးလိုက်သည်။

မနက်စာစားပြီးသည့်နောက် လည်စည်းယူ၍ ရှန်းရှောင်ယွဲ့၏စတူဒီယိုသို့ထွက်လာခဲ့သည်။

" သုံသုံ...ရောက်လာပြီလား? "သူမကိုမြင်သောအခါ ရန်ရှင်းရှင်းသည် သူမဆီသို့ရောက်လာလေသည်။

" ငါ့အနားကိုမလာနဲ့! "ယွီသုံ ရှင်းရှင်းကို ဟန့်တားလိုက်သည်။" ငါအအေးမိထားတော့ ဂရုစိုက်ရမယ်။မဟုတ်ရင် နင့်ဆီကို ကူးသွားလိမ့်မယ် "

" ဟဲ့...အံဆွဲထဲမှာ maskရှိတယ်။အဲ့တာကို ယူတပ်လိုက်လေ .... ရှင်းရှင်းကို မကူးစေနဲ့ "ရှန်းရှောင်ယွဲ့က မနက်စာစားရင်း ဝင်‌ပြောလာသည်။

ယွီသုံလည်း ရှန်းရှောင်ယွဲ့၏စကားကို နားထောင်ပြီး maskသွားယူလိုက်သည်။

" နင်တို့က တအားချဲ့ကားနေကြတာပဲ! "ရန်ရှင်းရှင်းမှာ ရယ်ရမည်လား၊ငိုရမည်လားပင် မသိတော့ပေ။

" သုံသုံ...နင် မနက်စာစားပြီးပြီလား?မစားရသေးဘူးလား?ငါ အော်ဒါထပ်မှာလိုက်မယ်။နင် အရင်သွားစားလိုက် "ရန်ရှင်းရှင်းက သူမကို ပြောလေသည်။

" ရတယ်...ငါစားပြီးပြီ "

" တကယ်လား? "ရန်ရှင်းရှင်းက သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

" တစ်ကယ်‌ပြောတာ...ရှဖန်က ငါ့အတွက် ဆန်ပြုတ်လုပ်ပေးထားတာ "

" Oh...ဒီစုံတွဲကတော့ အခြေအနေ‌တွေ တိုးတက်လာပြီပေါ့ "ရှန်းရှောင်ယွဲ့က ဟာသလုပ်ကာစလေသည်။" နင်အအေးမိတာကို လုံးဝပျောက်သွား‌အောင်ရော ရှဖန်က ကုမပေးဘူးလား? "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now