Chapter 12

6.5K 998 43
                                    

Unicode

ရှောက်ရိဖန်လည်း ဆေးရုံသို့ ပြန်‌ရောက်လာသည့်အခါ ရှဖန်တစ်ယောက် ထူးခြား‌လှ‌‌သည့်ဇနီးဖြစ်သူနှင့် လက်ထပ်လိုက်ခြင်းကို အသည်းအသန် စဉ်းစားနေမိသည်။ယွီသုံ၏အကြံအစည်တို့ကိုလည်း နားမလည်‌တော့‌သောကြောင့် သူငယ်ချင်းဖြစ်သူအတွက် စိုးရိမ်စပြုလာလေသည်။

" မင်း ဘာဖြစ်လို့ ခေါင်းတွေရမ်းခါ‌နေတာလည်း?ယွီသုံနဲ့ရော ‌တွေ့ခဲ့လား? "ဒါရိုက်တာဖြစ်သူနှင့် စကားပြောဆိုပြီးသည့်‌နောက် ရုံးခန်းသို့ ပြန်လည်‌ရောက်ရှိလာသော ရှဖန်သည် ရှောက်ရိဖန်တစ်ယောက် ခေါင်းတရမ်းရမ်းနေသည်ကို မြင်ရသောကြောင့် မေးမြန်းကြည့်လိုက်သည်။

" ‌တွေ့ခဲ့တယ်လေ "ရှောက်ရိဖန်သည် ရှဖန်အား အရာအားလုံး ပြောပြလို‌သော်လည်း ပြောမပြနိုင်ဖြစ်‌နေသည့်အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

" မင်းမျက်နှာက ဘာဖြစ်နေတာလည်း? "

" ... ငါ မင်းကို မြင်စေချင်တယ်! "

" ဘာဖြစ်လို့ စိတ်ပျက်တဲ့ပုံစံ ဖြစ်နေရတာလည်း?ဒါနဲ့ ယွီသုံက ဘာမှမပြောလိုက်ဘူးလား?မင်း ငါ့ကို ပြောပြစမ်းပါဦး "

" မင်းက သူ့ရဲ့ထင်မြင်ချက်ကိုပဲ ဂရုစိုက်နေတာလား? "

" မင်း အပြင်ကိုသွားတာ ၁၀မိနစ်တောင်မကြာသေးပဲနဲ့ ပြန်လာပြီးတော့ ဘယ်လိုလုပ် ဦးနှောက်ပျက်စီးလာရတာလည်း?အရေးမပါတဲ့မေးခွန်းတွေအားလုံးကရော ဘာတွေလည်း? "ရှဖန် စိတ်မရှည်စွာပြောလိုက်သည်။

" ဖြစ်နိုင်ပါတယ်! "

" ထားလိုက်တော့!သူ့ကို ငါကိုယ်တိုင် ဖုန်းဆက်ပြီးတော့ပဲ ‌မေးလိုက်တော့မယ် "ထိုသို့‌ပြောပြီး ရှဖန်က ဖုန်းကိုယူကာ ထွက်လာခဲ့သည်။

" Ah!ဆက်မနေပါနဲ့တော့။ငါ မင်းမိန်းမနဲ့‌ ‌တွေ့ခဲ့ပြီး အကြောင်းစုံ ရှင်းပြခဲ့တယ် "ရှဖန် ဖုန်းမခေါ်မှီ ရှောက်ရိဖန် တားလိုက်သည်။" မင်းနဲ့ယွီသုံက တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ကြတယ်ဆိုတာကို ငါ အခု ရုတ်တရက်နားလည်သွားပြီ "

" ရုတ်တရက် ဘယ်လိုလုပ်ပြီး အမှန်မြင်ရသွားတာလည်း? "

ဟားဟား...ငါက မင်းမိန်းမရဲ့ စိတ်ရင်းအမှန်ကို သိလာခဲ့တယ်‌လေ။မင်းတော့ သေချာပေါက် မင်းမိန်းမရဲ့လက်ထဲမှာ အနှေးနဲ့အမြန် အဆုံးသတ်တော့မှာပဲ။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now