Chapter 10.1

6.3K 962 17
                                    

Unicode

" အားလုံးပဲ မင်္ဂလာ‌ပါ။အခုနားဆင်‌နေရတာကတော့ FMလိုင်း
၉၆၆၆ပဲဖစ်ပါတယ်။'Midnight Phantom'က‌နေ ကြိုဆိုလိုက်ပါတယ်။ကျွန်မကတော့ DJ Fish Jellyပါ။ ဒီအချိန်လေးကတော့ ကျွန်မတို့ရဲ့နားဆင်သူပရိတ်သတ်‌အပေါင်းတို့ ဖုန်းခေါ်လို့ရမယ့် အချိန်လေးဖြစ်ပါတယ်။ဒီနေ့မှာတော့ ဘယ်သူငယ်ချင်းတွေက သူတို့ရဲ့ဇာတ်လမ်းတွေကို မျှ‌ဝေလိမ့်မလည်းဆိုတာ စောင့်ကြည့်လိုက်ရအောင်ပါရှင် "

ထိုအချိန် စီနီယာယွီက သူမအား ဖုန်းဖြေကြားရန် လက်ဟန်‌ခြေဟန်ပြလာခဲ့သည်။

" မင်္ဂလာ‌ပါ!Fish Jellyဖြစ်ပါတယ် "

" မင်္ဂလာ‌ပါ "အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံပေါ်သည့် အမျိုးသားအသံတစ်သံသည် ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။

" ဆရာ့နာမည် ဘယ်လိုခေါ်ပါသလည်း? "

" မင်းအဆင်ပြေသလို ခေါ်လို့ရပါတယ် "ထိုအမျိုးသားသည်လည်း သူ၏နာမည်ကို ပြောပြချင်ပုံမရပေ။

" ကျွန်မတို့ရဲ့ နားသောတဆင်တဲ့သူတွေက အမည်‌မဖော်ပြလိုပဲနဲ့ ဇာတ်လမ်းတွေမျှ‌ဝေရတာကို သဘောကျပုံရတယ် "သူမရယ်ကာ ပြောလိုက်သည်။

" ကောင်းပါပြီ...ဒီလူကြီးမင်းက စိတ်ခံစားချက် သိပ်‌ကောင်းပုံမရဘူးထင်တယ်။ကျွန်မ ရှင့်ကို Mr.Strongလို့ခေါ်လို့ အဆင်ပြေရဲ့လား? "တစ်ဖက်လူသည် သူမ၏‌နောက်ထပ်ဟာသစကားများကို လက်ခံလိုခြင်းမရှိကြောင်းကို ယွီသုံခံစားမိသည်။

ယခုမှစ၍ အမည်မဖော်လိုသူ အမျိုးသားများကို Mr.Strongဟုခေါ်၍ အမည်မဖော်လိုသူ အမျိုးသမီးများကို Ms.Beautyဟု ခေါ်ရမည်ဟု အလွယ်တကူပင် သူမစဉ်းစားမိလိုက်မိသည်။

" ဘာဖြစ်ဖြစ်ရပါတယ် "

" ဟုတ်ကဲ့...Mr.Strong။ဒါဆိုရင် ဒီ‌နေ့ညမှာ ကျွန်မတို့နဲ့အတူ မျှဝေပေးချင်တဲ့ ဇာတ်လမ်းလေးများရှိပါသလားရှင့် "

" ကျွန်တော် အချစ်ကို စိတ်ကုန်သွားပြီ!အခုအကြိမ်နဲ့ဆိုရင် ကျွန်တော်အငြင်းခံရတာ ၁၅ကြိမ်မြောက် ရှိသွားပြီ! "ထိုသို့‌ပြောပြီး Mr.Strongက ရုတ်တရက် ထငိုလေသည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now