Chapter 50

6K 863 15
                                    

Unicode

ရာသီဥတုမှာလည်း ပူနွေးလာခဲ့လေပြီ။လမ်းမထက်ရှိ သစ်ပင်များမှာည်း အရွက်သစ်များ‌ပေါ်ထွက်လာပြီး ထို‌ရောင်စုံသဘာဝရှုခင်းသည်
ဖြတ်သွားဖြတ်လာလူအများအပြား၏ စိတ်အ‌ခြေအနေကို ပိုမိုကောင်းမွန်လာစေသည်။

အစိမ်းရောင်များကြီးစိုးနေသည့် လမ်းတစ်လျှောက် ယွီသုံ ကားမောင်းလာခဲ့ပြီး နွေဦးရာသီ၏လေပြေလေညှင်းများကို ခံစားနိုင်ရန် ကားမှန်ချထားလေသည်။

ယနေ့တွင် ရန်ရှင်းရှင်းသည် ဆေးရုံမှဆင်းမည်ဖြစ်သည်။ယွီသုံ၏တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှာ နောက်ကျသောကြောင့် သူမတို့သည် ရှင်းရှင်းကို မနက်ပိုင်း နည်းနည်းနောက်ကျသည့်အချိန်မှ သွား‌ခေါ်ရန် စီစဉ်ထားကြသည်။သို့သော် ရှန်းရှောင်ယွဲ့ကမူ သူမ၏တိုက်ခန်းဆီသို့‌သာ လာ‌ရောက်ပြီး သူမခေါ်ဆောင်လာမည့် ရှင်းရှင်းတို့ သားအမိနှစ်ယောက်ကို စောင့်ဆိုင်း‌နေရန် ပြောလေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ရန်ရှင်းရှင်း အပြင်းအထန်စဉ်းစားပြီးသည့်နောက် သူမ၏ကလေးကို‌ခေါ်၍ လတ်တလောတွင် အိမ်နှင့်‌ဝေးရာတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ယွီသုံ ရှန်းရှောင်ယွဲ့၏တိုက်ခန်းသို့ရောက်လာခါနီးသည့်အချိန်တွင် ရှန်းရှောင်ယွဲ့သည် သူမကို ရုတ်တရက်ဖုန်း‌ခေါ်လာသည်။ယွီသုံကမူ ၎င်းတို့ထွက်ခွာလာပြီဖြစ်ကြောင်း ပြောဆိုရန် ဆက်သွယ်လာသည်ဟု မှတ်ယူနေလေ၏။

" ငါ ၁၀မိနစ်လောက်ပဲ လိုတော့တယ်... နင်..... "

" သုံသုံ!အခုချက်ချင်း ဆေးရုံကို လိုက်လာခဲ့ဦး။ဟိုလူယုတ်မာက ကလေးကို ခိုးယူဖို့ ကြံစည်နေတယ်! "ယွီသုံ စကားမဆုံးသေးမှီ ရှန်းရှောင်ယွဲ့က အော်ဟစ်ပြောဆိုလာသည်။

ယွီသုံလည်း ဘရိတ်ကိုပြင်းထန်စွာအုပ်ချလိုက်ပြီး လမ်းဘေးတစ်နေရာသို့ ထိုးရပ်လိုက်သည်။

" ငါ အဲ့ဒီကိုလာခဲ့မယ်!ကလေးကို သူတို့ခေါ်မသွားစေနဲ့! "

" ကောင်းပြီ! "

အလုပ်တက်ရက် နေ့လည်ပိုင်းဖြစ်သောကြောင့် လမ်းပေါ်၌ ကားသိပ်မရှုပ်ပေ။ယာဉ်စည်းကမ်းများကို သတိမမူတော့ဘဲ ယွီသုံ စတီယာရင်ကို လှည့်၍ Uပုံသဏ္ဌာန် ကွေ့ချလိုက်ကာ ဆေးရုံသို့ ဦးတည်လိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now