Chapter 47

5.6K 887 50
                                    

Unicode

ညစာစားချိန်၌ ရှဖန်သည် အန်အန်း၏ပါတီပွဲသို့မသွားပေ။ထိုအစား steakစားရန် ဆေးရုံအပြင်ဘက်မှ အနောက်တိုင်းစားသောက်ဆိုင်တစ်ခုသို့ ယွီသုံနှင့်အတူ ရောက်ရှိနေခဲ့သည်။

မျက်နှာချင်းဆိုင်စားပွဲ၌ထိုင်၍ ရှဖန်ကိုကြည့်ကာ ယွီသုံပြုံးလိုက်သည်။

" မင်း ဘာလို့ပြုံး‌နေတာလည်း? "အမှာစာကိုပြောပြီးသည့်နောက် သူမရယ်နေသည်ကို မြင်သောကြောင့် ရှဖန်မေးလိုက်သည်။

" ရှင့်ကို ကျွန်မနဲ့အတူ ညစာစားဖို့ ပထမဆုံးအကြိမ် မေးခဲ့တာကို သတိရသွားလို့ပါ။အဲ့တုန်းကလည်း ဒီဆိုင်မှာလေ "

ဒီဆိုင်?ရှဖန် သေချာပြန်စဉ်းစားသော်လည်း ယနေ့မတိုင်ခင်အထိ ယခုနေရာ၌ သူမနှင့်အတူ ရှိနေခဲ့သည့်အချိန်ကို မမှတ်မိပေ။" ကိုယ်က ဘယ်လိုလုပ်ပြီး မမှတ်မိရတာလည်း? "

" ဘာလို့လည်းဆိုတော့ ရှင်က မလာခဲ့ဘူးလေ "ယွီသုံ၏အသံမှာ အနည်းငယ် မကျေမနပ်ဖြစ်နေလေသည်။" ကျွန်မက ရှင့်ကို ပိုက်‌ဆံလာရှင်းပေးဖို့ပြောပေမယ့် ရှင်က အခြားတစ်ယောက်ကို လွှတ်လိုက်တယ်လေ "

" အော်...အဲ့တုန်းကလား... "ရှဖန်မှတ်မိသွားသည်။" ဌာနမှူးက ကိုယ့်ကိုရှာနေလို့ပါ...ဘယ်လိုပဲဖြစ်ဖြစ်...ကိုယ့်အမှားပါကွာ "

ရှဖန်၏မျက်နှာမှာ တောင်းပန်တဲ့မျက်နှာထားဖြင့်ဖြစ်သည်။

ယွီသုံ သူမ၏မေးကို လက်ပေါ်တင်ထားလိုက်ပြီး လေးတွဲစွာဖြင့် ပြောလိုက်သည်။" မေ့သွားတယ်...အဲ့ဒီတုန်းက ရှင်က ကျွန်မကို တော်တော်‌လေးသဘောမကျသေးပဲ ကျွန်မကပဲ လိုက်နေခဲ့ရတာ "

သူမတို့စုံတွဲသည် စာပွဲထိုးမှ steakများကို လာရောက်ချမပေးခင်အထိ အတော်ကြာ‌အောင် စကားပြောဆိုနေခဲ့ကြသည်။

ထို့နောက် သူတို့နှစ်ယောက် steakများကို လှီးဖြတ်နေကြလေသည်။ရှဖန်သည် တစ်ဝက်ခန့်လှီးဖြတ်ပြီးသည့်နောက် ရုတ်တရက် ခေါင်းမော့လာပြီး သူမ၏steakများကို ကျွမ်းကျင်စွာလှီးဖြတ်နေသည့် ယွီသုံကို ကြည့်လာလေသည်။

" ရှင် ဘာလို့ ကျွန်မကို အဲ့လိုကြီး ကြည့်နေရတာလည်း? "ရှဖန်၏ငေးမာကြည့်နေမှုကို သူမမြင်သောအခါ လှုပ်ရှားနေမှုကို ရပ်တန့်၍ ရှဖန်ကိုမေးလိုက်သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now