"သူကလွဲလို့ ဘယ်သူထပ်ရှိရအုံးမှာလဲ....ကို အခုတော့တကယ်အကြပ်ရိုက်နေတယ် အရင်ကစကားလောက်နဲ့ပဲဖိအားပေးရုံဆိုပေမယ့် အခုကလူချင်းပါ ရက်ချိန်းပေးပြီးတွေ့ခိုင်းလာပြီ.....စိတ်အာရုံအတော်ပေးသားကွာ"

လက်နှစ်ဖက်အစုံက နဖူးထက်မှဆံပင်များကိုခပ်ကြမ်းကြမ်းသပ်တင်ကာ သက်ပြင်းချက်များစွာနှင့်ကို၏စကားဆိုသံများမှာ မွန်းကြပ်ပိတ်လှောင်လွန်းနေသည်။

ထို့ထက်.....ပို၍သောမွန်းကြပ်နာကျင်မှုတို့ကိုခံစားရနေသည်က သူ၏ရင်ဘတ်တွင်းတစ်နေရာမှနှလုံးအိမ်ငယ်သာ၊ သို့သော်လည်း နာကျင်မှုတို့ကိုမြိုသိပ်ပြီး မျက်နှာရှေ့မှချစ်ရသူစိတ်သက်သာဖို့အရေး ဆောနူဟန်ဆောင်အပြုံးတစ်ချို့ကိုလှစ်ဟာပြရသည်။

"ဒါဆိုလဲသွားတွေ့လိုက်လေကိုရဲ့ ဘာအကြပ်ရိုက်စရာရှိလဲ"

သူ့စကားကြောင့် ခေါင်းငိုက်စိုက်ကျနေသော ကို့အကြည့်များမှာ မျက်နှာရှိရာဆီသို့ အံ့ဩဘနန်းကျရောက်လာသည်။

"အချစ် ဘယ်လိုများပေါ့ပေါ့ပါးပါးပြောလိုက်နိုင်တာလဲ.....ကိုက အချစ်မဟုတ်တဲ့တစ်ခြားလူနဲ့ကြင်ဖက်တွေ့ရမှာနော်"

"အင်း ပေါ့ပါးတယ်တော့လဲဘယ်ဟုတ်မလဲ ကိုမလုပ်မဖြစ်ဆောင်ရွက်ရမယ့်ကိစ္စမဟုတ်လား စိတ်ဖိစီးနေတာထက်စာရင်ပုံမှန်အတိုင်းအေးအေးဆေးဆေးဖြတ်သန်းကြတာပိုမကောင်းဘူးလား ဘယ်လိုပဲဖြစ်ဖြစ်တွေ့ပြီးရင်ပြီးသွားမှာပဲကို အချစ်ကကို့ကိုယုံပီးသား"

"ဟူး......တွေ့ပြီးရင်ပြီးသွားမယ့်ကိစ္စလို့ ကိုမထင်ဘူး ဒါကြောင့်စိတ်တွေလေးနေမိတာ"

ကြီးစွာသောရင်ဘတ်ထဲကအပူငွေ့များအတွက် အပြင်ပန်းမှာတော့ ဆောနူသက်ပြင်းခခတစ်ချက်သာ ကိုမမြင်အောင်ခိုးချမိသည်။

"ပြီးမသွားဘူးဆိုလဲဖြစ်လာတဲ့အတိုင်းပဲပေါ့ ဘာတတ်နိုင်မှာလဲ အနာဂတ်ကိုတွေးပြီးကြိုစိတ်မညစ်နဲ့ ကိုပင်ပန်းရတယ်"

My Essential Hoon Where stories live. Discover now