22

855 100 96
                                    

Unicode

"ဂျုံဆောင်း ဒီနေ့အတွက်တော့ တကယ်ကျေးဇူးတင်ပီး အားလဲနာတယ် မနက်ဖြန်မှစကားဆက်ရအောင်နော် ကျွန်တော် အခု....."

မျက်ဝန်းညိုတွေထဲမှာ စိုးရိမ်ငွေ့သက်တွေကတစ်ရိပ်ရိပ်ထိုးတက်နေလျက်၊ အောင့်သက်သက်စကားတွေကိုဆိုလို့တောင်မပီးသေး နောက်ကျောဘက်မှ အနှီအမျိုးသားဟာ သူတို့နှစ်ယောက်ဘေးကို မြန်မြန်ဆန်ဆန်ပင်ရောက်ရှိလာသည်။

"ဟို.......ဒါ ကျွန်တော့်အတန်းကကျောင်းသားလေ ပတ်ဂျုံဆောင်းတဲ့ Ethanကိုဖုန်းဆက်တာမကိုင်တော့ သူ့ကကူညီပေးမယ်ဆိုတာနဲ့ပဲ"

ပုလဲငယ်သည် အထစ်ထစ်အအစကားသံများအား ကြိုးစားထိန်းညှိနေပုံရ၏။ ချစ်သူအမျက်တော်ရှမှာကို သေလောက်အောင်ကြောက်တတ်သည့်ပုံမျိုး၊ ပုလဲငယ်က ဒီအမျိုးသားကို အဲ့လောက်ထိကိုရူးရူးသွပ်သွပ်ချစ်တာပဲလား

"ဒီနေ့ ဆောနူကို ကူညီပေးတဲ့အတွက်ကျေးဇူးပါ ကျွန်တော့်နာမည်Shim HeeSeungလို့ခေါ်ပါတယ် ဆောနူရဲ့ရည်းစားပါ"

ကမ်းလာသောလက်တစ်ဖက်သည် တုန်ရီခြင်းမရှိ ပကတိတည်ငြိမ်နေ၏။ ပုလဲငယ်ကိုယ်တိုင်က မိတ်ဆက်ပေးခွင့်မရှိသေးခင်မှာပဲ ငြိမ်သက်ပြတ်သားစွာ အလှနတ်ဘုရား၏ရည်းစားရယ်ပါလို့ မိတ်ဆက်လိုက်ရတဲ့အရသာက တိမ်တွေစီးနေသလိုပဲ အမြင့်မှာဝဲပျံနေလောက်ရောပေါ့

မနာလိုမိခြင်းနှင့်အတူ ခါးသက်သက်ခံစားချက်တစ်ချို့က တံတွေးစတွေအဖြစ်စုပြုံကာ လည်ချောင်းအဝင်ဝမှာလာရောက်တစ်ဆို့၏၊ နားထင်ကြောများထောင်သွားတဲ့အထိ အံကိုကြိတ်လိုက်ပီး HeeSeungဆိုတဲ့အမျိုးသားဆီသို့ မျက်ဝန်းအကြည့်များကို ပြန်လည်ရင်ဆိုင်လိုက်သည်။

နူတ်ဆက်ခြင်းဟုခေါင်းစဉ်တပ်ထားသော လက်ခုပ်နှစ်ဖက်အစုံသည် ဆုပ်ကိုင်ထားတာကြာလာသည်နှင့်မျှ ပို၍ပို၍သောတင်းမာမှုနှင့်အတူ နာကျင်မှုအမှုန်အမွှားတို့ကိုပင် ခံစားမိစပြုလာသည်

နှစ်ဦးစလုံး၏ နူတ်ဖျားထက်မှ စကားသံတွေဆိတ်ဆိတ်ထွက်မလာခဲ့ပေမယ့် စစ်ချီစပြုနေသော မီးဟုန်းဟုန်းတောက်မျက်ဝန်းနှစ်စုံကတော့ အလယ်တည့်တည့်မှ ပုလဲငယ်ကိုနယ်နိမိတ်ခြားလို့ ပြင်းထန်သောတိုက်ပွဲတစ်ခုအား စီးချင်းတွေ့နေကြလေ၏

My Essential Hoon Where stories live. Discover now