06

1K 134 17
                                    

Unicode

မကျက်သေးတဲ့ ဒဏ်ရာတွေအပြည့်နဲ့ မျက်နှာနုနု ကို သူ့ခမျာ မထိရဲမကိုင်ရဲ
မျက်ရည်အပြည့် မျက်ဝန်းအစုံဖြင့်သာ ထိုင်ကြည့်နေမိသည်
အပြစ်အနာအဆာမရှိတဲ့ လက်ကလေးပေါ်မှာ အပ်ချွန်ချွန်ကို ထိုးစိုက်ထားရတော့ နာနေမှာပေါ့
ဒီကောင်လေးနာကျင်ရတာကိုမြင်ရလျှင် သူ့မှာလဲ အသည်းနှလုံးကို ဓားနှင့် သွေးစိမ်းရှင်ရှင်ထွက်အောင် အမွှန်းခံထားရသလိုမျိုး နာကျင်ရပါသည်

လက်ဖြူဖြူလေးကို အသာအယာ ခပ်ဖွဖွ ထိကိုင်ပီး သူ့၏ နဖူးထိပ်သို့ ဆွဲယူကပ်ထားကာ ဘုရားသခင်ထံ သည်ကလေးငယ် အမြန်ဆုံးနေကောင်းလာပါစေကြောင်း ဆုတောင်းတွေ တစ်ဖွဖွဆိုနေမိသည်
တစ်ခါတစ်လေ ဘာသာမဲ့လို ခံယူထားတဲ့ ကိုယ့်လိုကောင်က မင်းနဲ့ကျမှ ကူရာကယ်ရာမဲ့ လူတစ်ယောက်လိုပဲ ဘုရားသခင်ကို ဇွတ်အားကိုးမိနေတော့တာ

အခန်းတံခါးလာခေါက်သံကြောင့် မျက်နှာပေါ်မှ မျက်ရည်စတွေကို ဘယ်သူမှ မမြင်ခင် အမြန်သုတ်လိုက်သည်

"ဂျယ်ယွန်းရေ Hyungပါ ဧည့်သည်ရောက်နေတယ်ဆိုလို့ ဝင်လာခဲ့လို့ရလား"

သူ့အစ်ကိုတောင်အိမ်ပြန်ရောက်လာပီပဲ ဒီကိစ္စကို HeeSeung hyungကို သေချာပွင့်ပွင့်လင်းလင်း ပြောပြမှဖြစ်မည် တော်ကြာ မှဲ့လေး နိုးလာတဲ့အခါ hyungကဟို‌မေး ဒီမေးလုပ်နေရင် သူ့ရဲ့ကလေးငယ် နေမကောင်းရတဲ့အထဲ သက်သက် စိတ်မသက်မသာဖြစ်နေမှာစိုးတာကြောင့်....

ခပ်ဖွဖွကိုင်ထားတဲ့ လက်နုနုလေးကို အသာချပေးခဲ့ပီး အခန်းပြင်ထွက်လာခဲ့သည်

"မဝင်နဲ့ အထဲမှာ လူနာရှိတယ် လာအောက်ဆင်းရအောင် ကျွန်တော်ရှင်းပြမယ်"
ပြောပြောဆိုဆိုနဲ့ သူ့အစ်ကိုကို အောက်ထပ် ဆွဲခေါ်သွားသည်

"Dr.Kimဆီကအကုန်ကြားပီးပီ ဘယ်သူမို့လို့အိမ်ထိခေါ်လာတာလဲ ချစ်သူလား??"
Hyungက သူ့ကိုတကယ်ရည်းစားရနေတာလို့ထင်နေတာပဲ

"မဟုတ်ဘူး hyungထင်နေသလိုတွေမဟုတ်ဘူး ရည်းစားလဲမဟုတ်ဘူး ဒါမဲ့ ကျွန်တော့်အတွက်အရေးကြီးပုဂ္ဂိုလ်မလို့ သူနိုးလာတဲ့အခါ ဟိုမေးဒီမေးတွေလျှောက်မမေးနဲ့ အလိုက်အသင့်အဆင်ပြေအောင်ပဲဆက်ဆံပေးပါ နော်အကူညီတောင်းပါတယ် ဒီလို "

My Essential Hoon Where stories live. Discover now