35

1.2K 97 66
                                    

Unicode

မအီမသာဖြစ်နေတဲ့ခေါင်းတွင်းအခြေနေကြောင့် လူကရီဝေဝေယိုင်တိုင်တိုင်ဖြစ်နေပြီ၊ ထိုအချိန်ထိတောင်မှ ပျောက်နေနိုင်လွန်းတဲ့ကိုယ့်လူကြီးဟာ ပေါ်မလာနိုင်သေး၊ မတ်မတ်ရပ်ထားတဲ့ခြေတိုင်နှစ်ဖက်သည်ပင်မခိုင်နိုင်တော့အောင် အားအင်များဆုတ်ယုတ်လာရော့အံ့ထင်၏။

"မင်း အဆင်ပြေရဲ့လား....."

ရုတ်တရက် ဘယ်အချိန်က ကိုယ့်နံဘေးသို့ရောက်နေသည်မသိ၊ ဆွေးမျိုးတော်စပ်ခြင်းမမည်သေးသောအနှီယောက်ဖလောင်းလျာသည် ခပ်အေးအေးအသံတစ်ချက်နှင့်အနားကိုလာရပ်၏။ အတွေးများနေစဉ်လျှပ်တစ်ပြတ်မို့ ဆောင်ဟွန်း ဆတ်ခနဲတုန်သွားမိသည်။ ထို့နောက် အားအင်မရှိမျက်ဝန်းဖျော့တွေကို မာန်တင်းကာအားယူလှမ်းကြည့်လိုက်ရင်း

"မပြေဘူး.....ခင်ဗျားညီကဘယ်ရောက်သွားပြန်ရတာလဲ လူကိုတစ်ယောက်ထဲထားခဲ့ပြီးဒီတိုင်းထွက်သွားတယ် အဆက်အသွယ်လဲမလုပ်၊ ခင်ဗျားမှာလဲ ဒီတိုင်းလျှောက်ယောင်မနေပဲ သူ့ကိုဖုန်းလေးတစ်ချက်လောက်အလိုက်တသိဆက်ပေးလို့မဖြစ်ဘူးလား"

စိတ်လက်မအီမသာဖြစ်ခြင်းက စိတ်ဆတ်ခြင်းအသွင်ကိုကူးပြောင်းသွားစေတာဖြစ်လိမ့်မည်။ မျက်စိရှေ့ကရှင်းမ်ဟီးဆွန်းကိုပါ အလိုမကျသည့်ပုံစံတွေပြမိသွားခဲ့၏။ကိုယ်တကယ်ကိုစိတ်တွေလွတ်နေပါပြီ။ ကိုယ့်စကားကိုယ် လွန်သွားမှန်း နောင်တနှင့်ပြန်သုံးသပ်မိချိန်မှာတော့ ယောက်ဖလောင်းကခပ်သာသာဟက်ခနဲရီသံပြုနေ၏။ ပြီးမှ.....

"နေမကောင်းဖြစ်နေတဲ့ပုံစံမလို့လွှတ်ပေးထားလိုက်မယ်....ပုံမှန်းအတိုင်းဆို မင်းလိုခလေးသာသာကငါ့ကိုဒီလို တွေထိ လာအကြောတင်းလို့မရဘူးမှတ်။ ခနနေရင် ဂျယ်ယွန်းရောက်လိမ့်မယ် မင်းအတွက်စားစရာနဲ့အနွေးထည်သွားယူနေတာ"

ဆောင်ဟွန်း ဘာမှမတုံ့ပြန်မိ၊ စိတ်တွေမကြည်လင်တာကြောင့်ပဲ သက်ပြင်းလေးလေးတစ်ချက်သာချမိသည်။ လေပူတွေကိုမှုတ်ထုတ်ရင်း မျက်လွှာကိုလှန်ကြည့်လိုက်တဲ့အခိုက်မှ ရုတ်ချည်း မြင်ကွင်းထဲကိုတိုးဝင်လာတဲ့သူပင်၊ တစ်ချိန်လုံး စောင့်ဆိုင်းနေခဲ့ရတဲ့ချစ်သူဟာ အထုပ်ကြီးအထုပ်ငယ်အသွယ်သွယ်ကိုလက်မှာချိတ်လို့ ကိုယ့်ဆီထံအပြေးလာနေတာကိုမြင်လိုက်ရ၏။

My Essential Hoon Where stories live. Discover now