07

1K 132 27
                                    

Unicode

"ဒီနေ့ ဘယ်မှမသွားပဲ ကျွန်တော်အနားမှာပဲ ရှိနေပေးလို့ရမလား...?"

~~~~~~~~~~~~~

မင်းက ကိုယ့်ရဲ့ အချစ်သံလိုက်လေး ~

လူကို ချစ်စရာအပြုအမူတွေနဲ့ တစ်စက္ကန့်လေးတောင် အနားက မခွာနိုင်အောင် ညို့ငင်တယ်
ပန်းနုရောင် နူတ်ခမ်းဖူးကနေ ထွက်လာတတ်တဲ့ စကားချိုချိုလေးတွေက သက်ရောက်မှု ပြင်းထန်လွန်းတယ်
ဝေးဝေးမသွားနိုင်တော့ဘူး
မင်းအနားမှာပဲ အချိန်တိုင်း တွယ်ကပ်ချင်နေမိတဲ့ရောဂါနဲ့ ဒီလူနာက ဘာဆေးမှ မတိုးတော့ဘူးထင်ပါရဲ့

"ကိုယ်နဲ့ ရင်းနှီးနေတဲ့ နေရာမဟုတ်တော့ တစ်ယောက်ထဲကျ နည်းနည်းအဆင်မပြေဖြစ်လို့ပါ တကယ်လို့ ခင်ဗျား အဆင်မပြေရင်လဲ....."

"ဘယ်သူက အဆင်မပြေဘူးပြောလို့လဲ ကိုယ်ဒီနေ့ အလုပ်လစ်ဖို့ စဉ်းစားထားပီးသား မပူနဲ့ မင်းကို တစ်ယောက်ထဲထားမသွားဘူး "

တစ်ယောက်ထဲထားမသွားဘူးဆိုတဲ့ စကားကြောင့် ဆောင်ဟွန်း အနည်းငယ်တော့ စိတ်သက်သာရာ ရသွားသည်
ရှင်းဂျယ်ယွန်းဆိုတဲ့ လူက ရံဖန်ရံခါ သူ့ကိုအနေခက်စေပေမယ့် ကိုယ်မသိတဲ့နေရာမှာ တစ်ယောက်ထဲနေရမှာထက်စာရင် ထိုလူနဲ့ အတူရှိနေတာက ပိုအန္တရာယ်ကင်းလိမ့်မည်ဟု ခံစားမိတာကြောင့်

ဒါပေမယ့်လဲ ဒီလူက သူ့ကိုဆက်တိုက်အနေခက်စေတာတော့ အမှန်ပင်
အကြောင်းမဲ့ သူ့ကို စိတ်ပူပေးတဲ့ ပုံစံတွေ အရမ်းပြသည်
ဆန်ပြုတ်ဆိုလဲ ကိုယ့်လက်နဲ့ကိုယ်မသောက်လိုက်ရ ဇွတ်ခွံ့ကျွေးသည် အခုလဲ ကိုယ့်ဟာကိုယ် သောက်ရမယ့် ဆေးကိုပါ ခွံ့တိုက်နေပြန်ပီ

ဒီလို အပြုအမူတွေ အတွက် သူအနေခက်ရပါသည် မကြိုက်တဲ့ခံစားချက်မျိုးဖြစ်မနေတာကြောင့်ပေါ့
ဂရုစိုက်သယောင်အပြုအမူတွေကြောင့် အလိုအလျောက် ဆူညံလာတဲ့ နှလုံးခုန်သံတွေက သူ့ကိုအနေခက်စေတယ်
ရှင်းဂျယ်ယွန်းဆိုတဲ့ အဲ့ဒီလူထူးဆန်းကြီး ရိပ်မိသွားမှာလဲ ရှက်တယ်
ကိုယ့်ခံစားချက်တွေကိုယ် မဝေခွဲတတ်တော့တဲ့ အရူးတစ်ယောက်လိုပါပဲ

×××××××××××

"Mr.Ethan Sim ကျွန်တော် ဒီနေ့ကစပီး သူ နေပြန်ကောင်းတဲ့ ရက်အထိ ခွင့်ယူပါရစေ"

My Essential Hoon Where stories live. Discover now