13

761 110 9
                                    

Unicode

ကုမ္ပဏီသို့ သွားရာလမ်းက ပုံမှန်အရင်နေ့ကလိုမျိုးလန်းဆန်းတက်ကြွမှုတွေရှိမနေခဲ့

ကြင်သူလေးအား ကျောင်းကိုလိုက်ပို့ပေးပီး မခွဲချင်ခွဲချင်နဲ့နူတ်ဆက်လာခဲ့တာမှ နာရီပိုင်းတောင်မရှိသေး အခုထဲက နင့်နင့်ဆွေးဆွေးကြီးကို သတိရနေမိပြီ

အလွမ်းများစွာနှင့်တစ်နေ့တာအား အလုပ်တွေကိုဖိလုပ်ရင်းဖြင့်သာ ပင်ပင်ပန်းပန်းကုန်ဆုံးခဲ့ရသည်
လျစ်လျူရှုခြင်းအား အကျွမ်းကျင်ဆုံးအလုပ်တစ်ခုလိုထင်မှတ်မိခဲ့ပေမယ့် ဆန်းကြယ်လွန်းစွာ မြတ်နိုးရသူဆီသို့အလွမ်းတွေကိုတော့ လျစ်လျူမရှုနိုင်ခဲ့

ညနေ မှောင်စပျိုးလာသည့်အချိန်အထိ ဂျယ်ယွန်း သွားစရာမရှိသလို စားပွဲမှာထိုင်မြဲဆက်ထိုင်ရင်း အလုပ်ပုံထဲပဲခေါင်းစိုက်ထားမိ၏

ခန္ဓာကိုယ်တွင်းရှိအကြောအချဉ်တို့က ညောင်းညာကိုက်ခဲမှုကိုစတင်တုံ့ပြန်လာတော့မှပဲ လှန်နေတဲ့စာရွက်များကိုလက်ကချကာ ထိုင်ခုံနောက်မှီပေါ်သို့လှဲချပစ်လိုက်သည်

အတော်လေးပင်ပန်းခဲ့သည့်နေ့တစ်နေ့ပင်တကား
ဖုန်းမှနာရီကိုကြည့်လိုက်တော့ ၇နာရီတောင်ထိုးလုနီးပြီ ဒီအချိန်ဆို သူ့ရဲ့စာဂျပိုးလေး အိမ်ပြန်လောက်ပြီလား

ဖုန်screenထက်မှ အပြန်အလှန်စကားပြောထားတဲ့messageကလေးများကိုဖတ်ရင်း အလွမ်းထုထည်က တစ်စထက်တစ်စ ကြီးစိုးလာသည်

"အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်ရဲ့လားHoon..."

"အခုထဲက ရူးလောက်အောင်ကို အရမ်းသတိရနေပြီ..."

"အစာသေချာစားပီး အိပ်ရေးဝဝအိပ်နော် စိတ်ပူတယ်"

ဖြစ်နိုင်ရင် Messageကို 3ဆောင်ထက်မက ဆက်တိုက်ကိုပို့ပစ်ချင်သလို ဖုန်းတွေလဲဆက်ကာ အသံလေးပါကြားချင်မိ၏

သို့သော်လည်း သူ့ကြောင့်နဲ့ အနှောင့်အယှက်ဖြစ်မှာစိုးတာကြောင့် ရင်ထဲမှအလွမ်းမီးတောက်များအား သက်ပြင်းရှည်တစ်ချက်ဖြင့်သာ မျှောချပစ်လိုက်ရသည်


ခါတိုင်းရက်များနှင့်မတူစွာပဲ အိမ်ပြန်လမ်းဟာ ဝမ်းနည်းနေသယောင် အထီးကျန်လွန်း၏

My Essential Hoon Where stories live. Discover now