11

838 111 12
                                    

Unicode

ကလေးတစ်ယောက်ပမာ ရှိုက်ငင်ငိုကြွေးနေသောသူ့အား ဆောင်ဟွန်း နှစ်သိမ့်စကားတွေတတွတ်တွတ်ဆိုကာ အတန်ငယ်ကြာတဲ့ထိပွေ့ဖက်ထားပေးပီးနောက်မှာတော့ ဖြည်းဖြည်းချင်းအငိုဆဲသွားရှာသည်

သူအငိုရပ်သွားတော့မှ ဆောင်ဟွန်း ကုတင်ပေါ်ကနေအသာဆင်းကာ ရေတစ်ခွက် အမြန်သွားယူလိုက်သည်

"ရော့ ရေသောက်လိုက်.....ကြည့်အုံး မျက်လုံးတွေမှာလဲနီရဲကုန်ပီ ထပ်မငိုနဲ့တော့နော်"

တအားကိုငိုချထားသော ဂျယ်ယွန်းမျက်လုံးလေးများမှာ မို့အစ်နီရဲနေပီး နှာခေါင်းထိပ်ချွန်ချွန်လုံးလုံးလေးသည်ပင် အတန်ငယ်နီမြန်းနေသည်

ချွေးစတွေစိုရွဲကာ အိပ်မက်ဆိုးမှနိုးထလာရသောကြောင့်သူ့ခမျာမောဟိုက်နွမ်းလျနေပုံရသည် ကိုယ်ယူလာပေးသောရေတွေကို အားပါးတရ မော့သောက်နေလေ၏

ပြီးနောက် စိတ်အေးသွားသည့်အမူအရာဖြင့် သက်ပြင်းတစ်ချက်ချကာ ကိုယ့်မျက်နှာရှိရာဘက်သို့ ကြည်ကြည်နူးနူးစိုက်ကြည့်လာသည်

မသိစိတ်ကလှုံ့ဆော်တွန်းအားပေးလိုက်သလိုပင် ကိုယ်လဲ စားပွဲပေါ်မှTissueစလေးများကိုလှမ်းယူကာ သူ့မျက်နှာရှေ့နား ကုတင်စောင်းလေးသို့ အလိုလျောက်ဝင်ထိုင်လိုက်မိ၏

ထို့နောက် သူ့နှဖူးပြင်ပေါ်မှ မခြောက်သေးတဲ့ ဟိုဟိုဒီဒီ ချွေးစတစ်ချို့ကို လက်မှ Tissueစဖြူလေးဖြင့် အသာအယာလိုက်သုတ်ပေးနေမိသည်

သူက ရုတ်ချည်းဆိုသလို နဖူးပေါ်ကိုဝဲနေတဲ့ ကိုယ့်လက်တွေကို ဖြတ်ခနဲလာကိုင်သည်
ထိုအခါမှ ကိုယ်လဲ အသိစိတ်လုံးလုံးပြန်ကပ်သွားကာ သူ့ဆီမှ ကိုယ့်လက်တွေကို အသာပြန်ရုန်းမိသည်

သို့သော်လည်း သူကလွှတ်မပေးတော့

ကိုယ့်မျက်နှာကိုရွှန်းရွှန်းစားစားစိုက်ကြည့်ရင်းကနေ ဖမ်းမိထားတဲ့လက်တွေကို အားနှင့်ဆွဲခေါ်ပစ်လိုက်ကာ သူနှင့်ကိုယ့်မျက်နှာနှစ်ခုအား နီးကပ်စေခဲ့သည်

ထို့နောက် နူးညံ့စွာ အပြုံးလှလှတစ်ခုကိုဖန်တီးလိုက်ရင်း နှစ်ကိုယ်ကြားရုံအသံလေးဖြင့် စကားဆိုလာသည်

My Essential Hoon Where stories live. Discover now