26

836 108 142
                                    

Unicode

"အင်း အဲ့တော့ဒီစနေနေ့တွေ့မယ့်အစီစဉ်ကိုဖျက်လိုက်မယ်လို့ပြောချင်တာမလား ဘယ်သူနဲ့တွေ့စရာရှိလို့လဲဟင်"

"အဲ့လိုလဲမဟုတ်ဘူးလေ၊ ကို ရုတ်တရက်ကြီးလုပ်ရမယ့်ကိစ္စတစ်ခုပေါ်လာတာပါ အဲ့ကပြီးတာနဲ့အချစ်ဆီကိုတန်းလာခဲ့မှာ စနေနေ့အချိန်ပေးမယ်လို့ပြောထားတာကတိမပျက်ချင်ဘူး"

"မဟုတ်ပါဘူး၊ ကိစ္စရှိမှတော့သပ်သပ်ကြီးအချိန်မပေးနဲ့တော့ ကိုပင်ပန်းတယ် နောက်ရက်တွေလဲတွေ့လို့ရနေတာပဲကို အချစ်မေးနေတာကဘယ်သူနဲ့တွေ့မှာလဲလို့"

ကိုသည် ကို့ပုံစံနှင့်မတူလွန်းစွာ သူ့အမေးကိုတန်းမဖြေနိုင်ပဲ ဟိုကြည်သည်ကြည့်နှင့်စကားတွေလှည့်ကာဝေ့လည်ကြောင်ပတ်လုပ်နေသည်မို့ ဆောနူစိတ်ထဲအတန်ငယ်တော့မွန်ကြပ်လာသည်။

နို့နှစ်ရောင်ပန်းကန်ပြန့်လေးထက်မှ berry creamတစ်ချို့ကိုခရင်းထိပ်ဖြင့်တို့ထိရင်း စိတ်နဲ့ကိုယ်မကပ်စွာ၊မလှုပ်မယှက်ငြိမ်သက်နေဆဲကို့အား ဆောနူစိတ်မရှည်ချင်တော့

"လျို့ဝှက်တွေ့ဆုံပွဲမလို့လား အရေးကြီးပုဂ္ဂိုလ်ဆိုရင်လဲထားလိုက်ပါတော့"

"မဟုတ်ဘူးမဟုတ်ဘူး အရေးကြီးတယ်တော့မဟုတ်ဘူး......အင်း.....ကိုဒီစကားကိုဘယ်လိုပြောထွက်ရမလဲစဉ်းစားနေတာ အချစ်ကိုလဲအရမ်းအားနာရတယ် အစကတော့မပြောပဲနေမလို့ပဲ ဒါပေမယ့်အချစ်အပေါ်လိမ်မိနေသလိုခံစားရလို့"

"ဘာမလို့လဲ ကိုနဲ့မတူအောင်လို့အဲ့လိုမပွင့်မလင်းတွေမလုပ်စမ်းပါနဲ့"

ခေါင်းငုံ့လျက်သားမှ ဟီဆွန်းသက်ပြင်းရှည်တစ်ချက်ကိုဆွဲဆွဲငင်ငင်ချပစ်လိုက်ရင်း

"ကို ကြင်ဖက်တွေ့ရမယ်တဲ့...."

ဖျော့တော့တော့လေသံတိုတစ်ခုအဆုံးတွင် ဆောနူ၏မျက်နှာအစုံမှာလှစ်ခနဲမှိန်ကျသွားသည်။

"ထပ်ပီး ဥက္ကဌကြီးရဲ့အမိန့်ပဲလား"

ဆိုင်အပြင်ဘက်သို့ငေးစိုက်နေသောကို့အကြည့်ဆွေးဆွေးတို့မှာ သူမျက်နှာမူရာဆီသို့ပြန်လည်ရောက်ရှိလာသည်။

My Essential Hoon Onde as histórias ganham vida. Descobre agora