04

1K 146 9
                                    

Unicode

"မိန်းကလေးသူငယ်ချင်း ရှိမဲ့ပုံမပေါ်ဘူးထင်ထားတာ ရှိတော့ ရှိနေတာပဲ ဘယ်လိုသူငယ်ချင်းမျိုးမို့ အဲ့ဒီလောက်နီးကပ်နေရတာလဲ ဘဝင်မကျဘူး...."

~~~~~~~~

မနေ့ညက အိမ်ပြန်ရောက်‌တော့ ဆက်တိုက် မှဲ့လေးအကြောင်းပဲ စဉ်းစားမိနေတာမို့ စာရွက်အဖြူပေါ်က သူကိုယ်တိုင်ရေးပေးခဲ့တဲ့ ဖုန်းနံပါတ်လေးကို ဆက်သွယ်ကြည့်မိခဲ့သော်လည်း ဖုန်းနံပါတ်ပိုင်ရှင်က မှဲ့လေး မဟုတ်ဘူးတဲ့

အဆိုးကောင်လေးက ကလေးဆိုတော့ ကလေးအကွက်‌တွေပြ‌သွားတာ ကိုယ်ကလဲ လူကြီးအကွက်ပြန်ပြမှ ဖြစ်တော့မည်လေ
ဆက်တိုက်အဆက်အသွယ် ရှိနေချင်တာကြောင့် ကျောင်းအထိ လူကိုယ်တိုင် သွားတွေ့ပီး ဖုန်းနံပါတ်အမှန် ပြန်တောင်းရမည်

သူ့ရောက်လာတာကိုမြင်လျှင် ဖြစ်သွားမည့် ထိုကောင်လေး၏ မျက်နှာလေးက ဘယ်လိုချစ်စရာပုံစံလေးဖြစ်နေလိမ့်မလဲ.....
စိတ်ကူးရင်း တွေးရင်း ကိုယ်တိုင်တောင် မသိလိုက်ခင်မှာတင် မျက်နှာပေါ်မှာ အပြုံးရိပ်တို့ ထပ်ခါထပ်ခါ သမ်းရပါသည်

နောက်နေ့မနက်ရောက်တာနဲ့ အစောကြီး ထပီး အရေးကြီးကိစ္စ ရှိလို့ဆိုတဲ့ ခေါင်းစဉ်တပ်ကာ scheduleတွေ appoinment တွေ အကုန်ဖျက်ထားခိုင်းလိုက်သည်

သူပြောတဲ့ အရေးကြီးကိစ္စဆိုတာကတော့

မနက်အစောကြီး ညက လာဘ်ထိုးပီး လိပ်စာသိထားတဲ့ ကျောင်းရဲ့ လမ်းထောင့်နားလေးမှာ ကားကိုရပ်ကာ ခိုးကြောင်ခိုးဝှက်နှင့် အထက်တန်းကျောင်းသားလေးတစ်ယောက်ကို မြင်ရဖို့အတွက်တဲ့လေ

တစ်အောင့်ကြာတော့ တွေ့လိုက်ပါပီ သူမြင်ချင်တဲ့ မြင်ကွင်းလှလှလေး
ဒါပေမယ့်လဲ ခုလို မနက်အစောကြီးမှာ သူရောက်လာလို့ စိတ်ရှုပ်သွားမှာလဲ စိုးတာကြောင့် ညနေ ကျောင်းဆင်းတဲ့ထိပဲ စောင့်နေဖြစ်လိုက်တော့သည်

စောင့်ရတာမုန်းတယ်ဆိုတဲ့ ရှင်းဂျယ်ယွန်းလိုလူက ခုကျတော့ ညနေကိုတောင် ဘယ်လိုရောက်သွားမှန်း မသိလိုက်
ကျောင်းသူ ကျောင်းသားလေးများ အလျိုလျို ထွက်လာတဲ့အထဲ သူ့ရဲ့ အထက်တန်းကျောင်းသားလေး‌ပေါ်အလာကို ရှာဖွေနေမိသည်
*တွေ့တာနဲ့ သူ့ရှေ့ကိုတန်းသွားပီး ဖုန်းနံပါတ်ပြန်တောင်းမယ် မိတ်ဆွေဖြစ် မုန့်စားဖို့ ခေါ်ရင်းနဲ့ ဖုန်းနံပါတ်အမှားပေးလို့ ခပ်ဖွဖွလေးဆူပစ်အုံးမယ် *

My Essential Hoon Where stories live. Discover now