29

745 97 83
                                    

Unicode

ဘဝက ပျော်ရွှင်စရာဆိုတာမရှိသလောက်ကိုနည်းပါးခဲ့တယ်.....သူနဲ့မဆုံသေးခင်အချိန်ထိ

လူမှန်းသိတတ်စအရွယ်တုန်းကရဖူးခဲ့တဲ့မေတ္တာတရားဟာ ကံအကြောင်းမလှခဲ့တော့ ဘဝထဲကတိမ်ဖြူတွေကို ဆေးမည်းခြယ်ခံရတယ်၊ ဖြူစင်ဖူးတဲ့နှလုံးသားဟာ ဒဏ်ရာဗလပွနဲ့အမှောင်အတိကျခဲ့

ဒီလိုနဲ့ပဲ မေတ္တာငတ်နေသူရဲ့ဘဝထဲကို သူဟာမရမကအတင်းတိုးဝင်လာတယ်၊ စည်းတွေအထပ်ထပ်တားခဲ့ပါရဲ့ ရဲတင်းလွန်းတဲ့သူ့အချစ်ဟာ အလုံပိတ်နှလုံးသားကိုမရမကတံခါးလာခေါက်လေသတဲ့၊ ခွင့်ပြုချက်တောင်မပေးမိခင်မှာတင် သူဟာ ညို့မှိုင်းမှိုင်းတိမ်မဲအုပ်တွေကို တောက်တောက်ပပဆေးရောင်စုံလှတွေ ခြယ်သပြီးခဲ့ပီ

ရေစက်တို့ကံကြမ္မာတို့ဆိုတာအလကား သူ့အချစ်ကသာအမှန်ကန်ဆုံးနိယာမတစ်ခုလို့ယူဆမိလာသည်အထိ သူပေးတဲ့မေတ္တာဓာတ်တွေကို ကိုယ်ဟာမူးယစ်ဆေးကြောင်သူတစ်ယောက်လို မက်မက်မောမောတမ်းတမ်းတတပဲ

ကိုယ်ဟာ သူ့ကိုသိပ်ချစ်နေမိခဲ့တာ၊ သူကလဲပဲ သေချာပေါက် ကိုယ့်ထက်မသာတောင်တန်းတူချစ်မြတ်နိုးနေတာပဲ ဒါကို ထွေထွေထူးထူး စကားတွေဖွဲ့သီဖော်ပြနေစရာတောင်မလိုတော့ဘူး နှလုံးခုန်သံတွေထပ်တူကျချိန်အတည်ပြုခဲ့ပြီးမို့

ဒီလိုမျိုးထိ ခံစားချက်တွေနက်ရှိုင်းပီးခဲ့တော့မှ၊ သူရဲဘောကြောင်လွန်းတဲ့ကိုယ်ဟာ ဒီလောက်ထိသတ္တိတွေစကားလွန်ခဲ့ပြီးခါမှ၊ ဖျာကျစပြုလျက်နေခြည်တန်းငယ်တွေဟာ တစ်စတစ်စတိုးလျိုးပုန်းကွယ်ကြတော့ပြန်ပီ၊ အမှောင်ထုပျိုးစကိုယ့်ကမ္ဘာငယ်ဟာဒီတစ်ကြိမ်တော့မျှော်လင့်ချက်စုန်းစုန်းမဲ့ပြီထင်ပါရဲ့

ကြီးမားတဲ့ဖြူလွှလွှပိတ်ဖြူစကျယ်အောက်မှာ အေးစက်စက်လက်ခုပ်ဖြူတစ်ဖက်ဟာ ပက်လက်လန်လျက်သားလေး၊ ဖောင်းကြွနေတဲ့လက်ချောင်းဖြူတွေကိုဆောင်ဟွန်း ဆို့နင့်ကြေကွဲစွာဖမ်းဆုပ်ထားရင်း အသံတိတ်ငိုကြွေးနေမိတော့ စက်ဆုပ်ယွံရှာဖွယ်လက်တစ်စုံကပုခုံးထက်ကိုခပ်ဖွဖွရောက်လာတယ်တဲ့

My Essential Hoon Where stories live. Discover now