33

1.5K 114 109
                                    

Unicode

"ဟို.....နှစ်ယောက်ကိုထားခဲ့လို့ဖြစ်ပါ့မလား တော်ကြာ စကားများရုံကအကြောင်းမဟုတ်ဘူး ထိုးကြကြိတ်ကြတွေထိဖြစ်ကုန်ရင်ပြဿနာ"

"ဂျွန်းနီးပုံစံကရန်ဖြစ်ချင်လို့ ကိုတို့ကိုအတင်းပြန်ခိုင်းတဲ့ပုံစံပေါက်နေလို့လား......မပူနဲ့ အေးဆေးထားခဲ့လိုက် သူတို့ကိစ္စသူတို့ရှင်းလိမ့်မယ်.....ဘေ့သာ လမ်းကိုအရင်တည့်အောင်လျှောက်"

သူပွေ့ထားရတဲ့ယိုင်တိယိုင်တိုင်ကောင်လေးက ကိုယ်တိုင်တော့ဖြင့်ခြေထောက်တွေတောင်မခိုင်ချင်ရယ် သူများအရေးကိုလှမ်းစိတ်ပူပြနေသေး၏။ ဆိုင်ထဲကထဖို့ကိုပင်မနည်းချော့ပြောယူရသည်။ ကိုယ့်ကြည့်တော့ ဝိုင်သုံးခွက်နဲ့တင် မျက်နှာနုနုလေးတွေကပေါက်ထွက်မတတ်ဖြစ်နေပြီ။

ခါးသိမ်သိမ်လေးဆီမှထိန်းကိုင်ရင်း ကားတွင်းထိုင်ခုံဆီသို့ အသာအယာပွေ့ချီနေရာချပေးလိုက်တော့ ပုံလျက်သားလေးမှီကျသွားတဲ့ခန္ဓာငယ်ဟာ တစ်ငြီးငြီးတငြူငြူ ယောင်တမ်းစကားတွေဆိုနေပြန်သေး၏။

စေ့ပိတ်ထားတဲ့ ကော့စင်းစင်းမျက်တောင်ထူတွေထက်မှာ ရီဝေဝေမျက်ခုံးနက်တစ်စုံဟာ တွန့်ချိုးချိုးရယ်။ ဂျယ်ယွန်း အမူးလွန်နေတဲ့ ပန်းရိပ်သမ်းပါးပြင်လေးကို ခပ်ဖွဖွတစ်ချက်ဆွဲဖျစ်လိုက်ပြီး တည်းခိုရာနေအိမ်ဆီသို့ ကားကိုဦးတည်ခဲ့သည်။



"ကိုကို......."

ကော့စင်းစင်းမျက်တောင်ထူတွေကို စေ့ပိတ်ရက်သားမှ ထွက်ပေါ်လာတဲ့အသံငယ်သည် ယောင်တမ်းနေတာတော့မဟုတ်နိုင်၊ ဂျီကျခြင်းအမှုကို အစပြုဖို့ အခေါ်သဝဏ်လွှာပါးချင်တဲ့လေသံငယ်သက်သက်သာ

"ဗျား....."

"ရေကူးချင်တယ် ရေကူးမယ် ရေကန်ဘယ်မလဲ"

"ဟာ....ဒီအချိန်ကြီးမှ ရေကူးလို့ဘယ်ဖြစ်မလဲဘေ့ရယ်.....မဆိုးပါနဲ့ကွာ အဖျားတွေဝင်ကုန်ပါ့မယ်"

"ဟာကွာ မသိဘူးကွာ အခုချက်ချင်းရေကူးချင်တယ်လို့ပြောနေတယ်နော် ကိုကိုနော်!!"

'ကိုကိုနော်'တဲ့ တစ်ချက်လွှတ်ရာဇသံအာဏာစက် တယ်လဲပြင်းသဗျ........

My Essential Hoon Where stories live. Discover now