12

847 106 19
                                    

Unicode

အဆောက်အဦပျက်ကြီး၏တစ်နေရာဝယ်
အထက်တန်းuniformများဝတ်ထားသောကျောင်းသားတစ်ချို့ နှင့် ထိုကျောင်းသားအုပ်၏ရှေ့တွင် အရွယ်သိပ်မငယ်သော လူကြီးတစ်အုပ်တို့ စုဝေးနေကြသည်

ကျောင်းသားများအုပ်စုမှာ ဒူးထောက်လျက်အနေအထားတွေနှင့် uniformများကလဲဖရိုဖရဲဖြစ်နေလျက်
မျက်နှာတို့မှာလဲဖူးယောင်ကိုင်းကာ သွေးများဖြင့်ပေရေနေကြသည်

"Ahjussi ကျေးဇူးပြုပီး ကျွန်တော့်ကို လွှတ်ပေးပါ ကျွန်တော်ကဒီတိုင်းလီဂျွန်ယောင်းကိုကြောက်လို့ သူခိုင်းတဲ့အတိုင်းလုပ်ရတာပါ"

"ဟုတ်ပါတယ် ကျွန်တော်လဲဘာမသိပါဘူး အကုန်သူခိုင်းလို့လုပ်ရတာပါ"

ဒူးထောက်နေသောအုပ်စုထဲမှ ကျောင်းသားနှစ်ယောက်မှာတုန်တုန်ယင်ယင် ငိုသံပါတွေနှင့် တစ်ယောက်တစ်ပေါက်အော်ပြောလာသည်

သူတို့လွှဲချလိုက်သည့် လီဂျွန်ယောင်းဆိုတဲ့နာမည်ပိုင်ရှင်မှာတော့ဘာစကားမှကိုမပြောနိုင် မျက်နှာကအလွန်အမင်းကိုထိတ်လန့်နေဟန်ပေါ်သည် မြေပြင်ပေါ်သို့ထောက်ထားသော ဒူးများသည်ပင်တစ်ဆတ်ဆတ်တုန်ယင်နေလေ၏

ကြေးစားဂိုဏ်း/လူဆိုးဂိုဏ်းများကဟုထင်ရသောလူအုပ်စုသည်ကား ကိုင်ထားသောတုတ်များကို ယင်းကျောင်းသား၏မျက်နှာဆီသို့ ဝိုင်းချိန်ထားကြသည်

ထိုလူအုပ်စု၏အလယ်မှာတော့ ခပ်သေးသေးထိုင်ခုံအနက်လေးပေါ် ခြေတစ်ဖက်ချိတ်ထိုင်လျက် စီးကရက်အနက်ရောင်တစ်လိပ်အား အေးဆေးသောအမူရာနှင့်တစ်ဖွာချင်းဆီမှုတ်ထုတ်နေတဲ့ သူ....

ရှင်းဂျယ်ယွန်း သို့မဟုတ်......ရက်စက်ပီဆိုလျှင် ညှာတာမှုအလျင်းမရှိ နှစ်ယောက်မရှိအောင် ဆိုးဝါးနင်းခြေဖျက်ဆီးတတ်သော Jake Sim ဆိုသည့် ထိုနတ်ဆိုး

Jake Simသည်ကား မျက်နှာကို မိုးပေါ်သို့မော်ကြွားကြွားမော့လျက်အနေအထားဖြင့် လီဂျွန်ယောင်းဆိုသည့် အနှီကျောင်းသားထံ စူးစူးဝါးဝါးအကြည့်တို့ကို လှမ်းပို့လိုက်သည်

လက်ထဲမှစီးကရက်အား ခပ်ပြင်းပြင်းတစ်ချက်ရှိုက်ဖွာလိုက်ပီးနောက် ထိုကျောင်းသားမျက်နှာရှေ့သို့တိုးကာ ကြက်သီးထဖွယ် အေးစက် အက်ကွဲသောအသံတစ်ခုဖြင့်မေးခွန်းထုတ်လိုက်၏

My Essential Hoon Where stories live. Discover now