27

768 105 156
                                    

Unicode

"ယုမီ....ဒီနေ့ပဲသောကြာရောက်နေပြီ နင်နဲ့တွေ့မယ့်လူကဘယ်သူတဲ့လဲ သေချာမသိသေးဘူးလား"

ဆန်လုံးနီရဲရဲကိုစိတ်မပါလက်မပါကိုက်ရင်းအမေးပြုလာသောမျက်နှာချင်းဆိုင်မှဆောင်ဟွန်း၊ ယုမီသဘောကျစွာခပ်တိတ်တိတ်ပြုံးလိုက်သည်။

"ဘာကိုဒီလောက်ထိစိတ်ဝင်စားနေတာလဲဟာ......ဒီမှာသူငယ်ချင်းတို့ စိတ်ကိုလျှော့ထားကြစမ်းပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ငါစိတ်လှုပ်ရှားဖို့လဲငဲ့ပေးကြပါအုံး"

"ငါတို့ကနင့်ကိုမကောင်းတဲ့သူနဲ့ဆုံသွားမှာစိုးရိမ်တဲ့စေတနာဟ.....ယုမီ နင်ကလေရည်းစားလဲတစ်ခါမှထားဖူးတာမဟုတ်ဘူး နင်ယောင်္ကျားတွေအကြောင်းဘာသိလဲ ဟမ်"

"ယောင်္ကျားတွေအကြောင်း နင်နဲ့တင်တော်တော်သိနေပြီမို့ကျေးဇူးပြုပီးအိုဗာလုပ်တာတွေရပ်လိုက်ပါတော့လားဂျုံဆောင်းရယ် နင်ဘယ်တုန်းကများငါ့အတွက်ဒီလောက်ထိစိုးရိမ်တတ်သွားတာလဲ......"

"မဟုတ်မှလွဲရော...ပတ်ဂျုံဆောင်း နင်ငါ့ကိုကြိတ်ပီးသဘောကျ......."

စကားတောင်မဆုံးသေး နှာတံရင်းထက်လက်ညိုးနဲ့လက်မနှစ်ဖက်ညှပ်ကာ ဆဲဆိုသံတတွတ်တွတ်နှင့်ငြီးငြူရှုံ့တွပြသောဂျုံဆောင်းကြောင့် ယုမီမှာအရီမရပ်နိုင်တော့

သဘောတကျရီမောနေရင်းမှ ဆောင်ဟွန်းဘက်ကိုအာရုံလှည့်မိသည်။ သူမထံသို့သာဆက်တိုက်အကြည့်စိုက်နေ၏။ မျက်ဝန်းတို့ကလဲဆွေးမြေ့နေသယောင်ရှုပ်ရှုပ်ထွေးထွေး

*ပတ်ဆောင်ဟွန်းအရူးကောင်လေး အဲ့လောက်ထိသဘောကျနေရင်လဲ ဒီတိုင်းဖွင့်ပြောလိုက်ပါတော့လား တကယ်ပဲဘာကိုတွန့်ဆုတ်နေရတယ်မသိနော် မွန်းကြပ်လိုက်တာ*

ရင်ဘတ်တွင်းဆီမှခပ်တိုးတိုးအပြစ်တင်နေမိတုန်း ထိုင်နေရာမှငူငူငိုင်ငိုင်ထထွက်သွားတဲ့ဆောင်ဟွန်း

ထွက်သွားတဲ့ကျောပြင်ငယ်အား ယုမီအကြည့်မပျက်ရင်း ပါးပြင်ထက်သို့ဝဲကျနေသောနီညိုရောင်ဆံနွယ်စတွေကို နားရွက်နောက်လေးဆီသို့ခပ်သာသာသပ်ပို့လျက် ကြည်ကြည်နူးနူးပြုံးမိသည်။

My Essential Hoon Where stories live. Discover now