02

1.3K 166 7
                                    

Unicode

"မင်းက မှဲ့လေးလားလို့ " ~

အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသည် စိတ်ထဲမှာ တော့ဘယ်ကမှဲ့တုန်း ဒီလူဘာလဲ အရူးလား ပေါ့
"ဘာကို မှဲ့လေးလားလို့ မေးတာလဲ မသိဘူး ကျွန်တော့်နာမည် ပတ်ဆောင်ဟွန်းပါ လူမှားနေတာဖြစ်မယ်"
ဘာမှပြန်မပြော ထပ်ပီးပဲ စိုက်ကြည့်ခံနေရတော့ လူက နည်းနည်းအနေခက်လာသည် နောက်ပီး ဆွဲထားတဲ့လက်ကိုလဲ လွှတ်မပေးပဲ စိုက်ကြည့်နေတော့တာ ဘယ်လိုလူပါလိမ့် ပတ်ဝန်းကျင်က တစ်မျိုးထင်တော့မှာပဲ
"ဒီမှာ ကျွန်တော်ပြောနေတာရော ကြားရဲ့လားဗျ"

ဆွဲထားတဲ့လက်ကိုအသာလွှတ်ပေးလိုက်ပီး ပြူံးသယောင်မျက်နှာထားနှင့်
"ခုနက ဘာတွေပြောနေတာလဲ ငါတစ်ခုမှ မကြားလိုက်ဘူး ပြန်ပြောအစအဆုံး"

Wht?? ဒီလူဘယ်လိုလူပါလိမ့် ပတ်ဝန်းကျင်ကဆူညံနေလို့တောင် တမင်အော်ပီးတစ်လုံးချင်းပြောပြနေတာကို ဟူး.....အေးပါလေ သူ့ကြည့်ရတာ ဒီကပိုင်ရှင်ပုံစံပဲ ဆောင်ဟွန်းရေ ကိစ္စတွေကို အမျှင်ရှည်မဆွဲပဲ စိတ်ရှည် စိတ်ရှည် ဟိုကောင်တွေကိုရှာတွေ့ဖို့ကအဓိက
"ကျွန်တော့်သူငယ်ချင်းရဲ့ examတွက် အရေးကြီးnote‌တွေကိုလုသွားတဲ့ကောင်တွေဒီထဲရောက်နေတယ် သူတို့ဆီကယူစရာရှိတာယူပီးပြန်မှာမလို့ရှာခွင့်ပေးပါ လို့ ပြောလိုက်တာပါ ခင်ဗျ သေချာကြားလိုက်ရဲ့လားခင်ဗျ"

စကားကိုထေ့ငေါ့ပြောတာ အမုန်းဆုံးပါဆိုပီး ထိုအချိုးမပြေကောင်လေးကျတော့ ချစ်ဖို့ကောင်းနေပြန်သည်
ပုံမှန်ဆိုအရီအပြူံးမရှိတဲ့ သူမျက်နှာမှာ အပြူံးတစ်ခု လှစ်ခနဲသမ်းသွားလောက်တဲ့ထိ သူ့ရှေ့က ထိုလူသားကချစ်ဖို့ကောင်းနေတာလား
"ခုခေတ်ခလေးတွေ အကြီးကို စကားပြောရင် ဒီလိုပဲလားကွာ မင်းက ကျောင်းယူနီဖောင်းတောင်မချွတ်ပဲ ငါ့clubထဲလဲဝင်လာသေး စကားကိုအချိုးပြေပြေပြောလေ နောက်ပီးတော့ဘာလဲ exam noteလားဘာလား စာကြမ်းပိုးပဲ ဆယ်ကျော်သက်ဘဝကို စာနဲ့ပဲ နပန်းလုံးပီး အရူးလိုဖြတ်သန်းနေတာလား မင်းဘဝအစားငါရင်လေးတယ် ပေါ့ပေါ့ပါးနေရမယ့်အရွယ်ကို စာပဲကုန်းရုန်းလုပ်...."
"အားနာပေမယ့် အသုံးမဝင်တာတွေဆက်ပြောနေမယ်ဆို ကျွန်တော်ဆက်နားထောင်ဖို့အချိန်မရှိတော့လို့ပါ ခွင့်ပြုပါအုံး"

My Essential Hoon Where stories live. Discover now