34

1.2K 98 70
                                    

Unicode

"ဘေ့! ဘာတွေဒီလောက်စဉ်းစားနေတာလဲ"

စံအိမ်တော်အောက်က ရေကန်ပြာဆီငေးစိုက်ကာ ငြိမ်သက်သက်အတွေးမြောနေသူလေးထံသို့ လည်ဂုတ်လေးဆီဖိကပ်နမ်းရှိုက်ပစ်ရင်း နောက်ကျောဘက်မှသိုင်းပွေ့အသံပြုမိသည်။ အနမ်းနွေးနွေးကြောင့် ခန္ဓာကိုယ်လေးဟာသိမ့်ခနဲတစ်ချက်ဖြစ်သွားပြီး၊ သူ့ဘက်လှည့်ကြည့်လာ၏။

ထိုင်နေသော ဆိုဖာပျော့ပျော့လေးဘေးသို့နေရာဝင်ယူလိုက်တော့ အတွေးလွန့်နေတဲ့တိမ်ဖြူငယ်ဟာ သူ့ရင်ခွင်ထဲလာမှီသည်။ ထို့နောက် သက်ပြင်းရေးရေးချ၏။ ဒီကောင်လေးရဲ့သက်ပြင်းတွေထဲ ဘာတွေရှိနေမလဲ ဂျယ်ယွန်းတွေးဆကြည့်တော့ သူကိုယ်တိုင်ပါရောလို့မသိမသာ သက်ပြင်းခိုးချရသည်။

"ထပ်ပြီးအတွေးတွေ များနေရပြန်ပီလားကလေးရယ်......ဘေ့ကိုထပ်ပြီးဖိအားတွေမဖြစ်စေချင်တော့ဘူး ပေါ့ပေါ့ပါးပါးပဲဆုံးဖြတ်ချက်ချပါ ဘေ့ရွေးခြယ်ရာကို ခေါင်းမခါတမ်းကိုကိုလိုက်မှာပဲ၊ အဓိကကတော့ ဘေ့သက်ပြင်းတွေချမနေဖို့ပဲလိုတာ"

သူ့စကားကိုကြားတဲ့အခါ သက်ပြင်းချသံလေးကညှင်းသွဲ့သွဲ့ရီမောသည်။ ထို့နောက်သူ့မေ့ဖျားလေးဆီ နွေးလွှလွှအနမ်းတစ်ခုချရင်း

"ကိုကိုကရော ဟိုကိုပြန်ချင်လား ကိုကို့ရဲ့တကယ့်ဆန္ဒကိုသိချင်တယ်"

"ကိုကိုပြောပြီးပီလေ ကိုကို့တကယ့်ဆန္ဒကလဲ ဘေ့ဆန္ဒပါပဲလို့၊ နှစ်ခါမပြင်ဘူး ဒါကြောင့်သက်ပြင်းတွေခနခနမချနဲ့ ဒီကောင့်ရင်ထဲအောင့်မျက်မျက်နဲ့နေလို့မကောင်းဘူး"

ဆံနွယ်နက်တွေကို ခပ်ဖွဖွထိုးဆွရှုပ်ထွေးခံရတဲ့ ဆောင်ဟွန်းငယ်ဟာ ရေးရေးလေးသာတစ်ချက်ပြုံး၏။ ပွေ့ဖက်ထားတဲ့သူ့ခါးသိမ်ဆီကလက်တွေမှာတော့ ပိုကာတင်းကြပ်တဲ့ချည်နှောင်ခြင်းတစ်ချို့နဲ့၊ ရင်ခွင်ထဲကိုခေါင်းထပ်ဝှေ့လာသည်။

ဝင်လေထွက်လေ ရှိုက်သက်ခြင်းတစ်စု ခေါင်းစိုက်မိသော ခပ်သင်းသင်းဆံနွယ်နက်တို့က သူ့အနမ်းတွေကို တစ်ကျေတစ်နပ်ခံယူနေသေးရင်း၊ အသက်ရှုသံနွေးနွေးလေးက တိတ်ဆိတ်ခြင်းတို့ကိုပြန်လည်ကင်းမဲ့စေပြန်၏။

My Essential Hoon Where stories live. Discover now