မျက်မမြင် အချစ်(၂၀)

Start from the beginning
                                    

" ဟုတ်ကဲ့ပါ.....ကျွန်တော်တို့အခုပဲ လိုက်သွားလိုက်ပါ့မယ် "

.......

စည်းရယ်.....
ကျုပ်ဆီကနေ မင်း ဘယ်ကိုများထွက်ပြေးသွားရတာလဲကွာ..
ကိုယ်မှားခဲ့တာတွေအတွက် တောင်းပန်ပါတယ် ။

ကိုယ့်အမှားတွေကို ပြန်ပြင်ဆင်ခွင့်လေးပေးပါ..
မင်းမရှိရင် မနေနိုင်လို့ပါ ။

စစ်မင်းသူရဲ့ ရင်ထဲ အပူမီးတွေ တောက်လောက်နေသည် ။ တစ်ခါမှလည်း အဲ့လောက်ထိ မခံစားဖူးဘူး ။
အချစ်ဆိုတာကြီးနှင့်လည်း မထိတွေ့ဖူးပဲ အဘယ့်ကြောင့်
အခုလောက်ထိခံစားနေရတာလဲ ။

မင်း ဘယ်လောက်ထိ ပုန်းနေမှာလဲ စည်းရယ်....

...

" ဆရာ....ကျွန်တော်တို့ လူအင်အားကော ငွေအင်အားကော သုံးပြီး ရှာပေမယ့် အကိုလေးစည်းရောင်စုံအကြောင်း ဘာမှမသိရပါဘူး ။ သူ့ကိုဝှက်ထားတဲ့နေရာက အရမ်းအင်အားကြီးလွန်းတယ်...
သတင်းအစအနတစ်ခုတောင် ရှာမတွေ့ပါဘူး "

" ရပြီ ထားလိုက်တော့ မရှာနဲ့တော့
ပျောက်သောသူကို ရှာရင်တွေ့နိုင်တယ်
မတွေ့ချင်လို့ ပုန်းနေတဲ့ သူကိုတော့ ငါတို့ရှာလို့တွေ့မှာ မဟုတ်ဘူး ။ စည်းတကယ်လို့ စိတ်ပြေသွားရင် သူပြန်ပြီးပေါ်လာလိမ့်မယ် "

" ဟုတ်ကဲ့ဆရာ "

ထိုနေ့မှ စ၍် စစ်မင်းသူတစ်ယောက် အလုပ်အပေါ်သာ စိတ်နှစ်ပြီး အလုပ်တွေကို ဖိလုပ်ကာ အိမ်ရောက်လျှင်တော့ စည်းရောင်စုံရဲ့ ပုံရိပ်တွေကို မိမိရဲ့ ဝါသနာ ပန်းချီအဖြစ်သို့ ပြောင်းလဲ ပုံဖော်ခဲ့သည် ။

တကယ်ဆိုရင် ချစ်တယ်ဆိုရင် ချစ်တယ်လို့ ဝန်ခံသင့်သည် ။ မချစ်ရင် မချစ်ဘူးပွင့်လင်းစွာ ပြောပြသင့်သည် ။
ယခုတော့ နောင်တရရင်တောင် ပြန်ပြင်လို့မရနိုင်အောင် မှားသွားခဲ့ပြီ ။

ဘာတွေများ လုပ်နေလဲ စည်းရယ်......

.........

Unicode

စည်းရောင်စုံဆိုတာ ဘယ်တော့များမှ အချစ်ခံရပါ့မလဲ....
ပထမဆုံး မိမိကို သဲသဲလှုပ်ချစ်ပေးသည့် သူကျ
ကံတရားက တွေ့ခွင့်ပေးပြီး ပြန်ရုတ်သိမ်းသွားတယ် ။
မိမိက ချစ်မိသည့် သူကျတော့လည်း မိမိအပေါ်ကို
တစ်ချက်ကလေးတောင် လှည့်မကြည့် မိမိဘဝကဘာကိုများ နှစ်သက်စရာရှိပါလိမ့်..
အရင်က စည်းဘဝဟာ မနှစ်မြို့စရာကောင်းသော်လည်း
မိမိနေထိုင်သည့်ဘဝကို ကျေနပ်သေးသည် ။
အခုကတော့ တချိန်လုံးစိတ်ညစ်စရာတွေနဲ့ပဲ ပြည့်နှက်နေခဲ့သည် ။
စည်းအခုတော့ သိလိုက်ရပါပြီ ဘဝက ကိုယ်ထင်ထားသလို ကိုယ်လိုချင်သလို ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို....

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now