Chapter-26: အခြားကမ္ဘာ (အျခားကမ႓ာ)

Start from the beginning
                                    

ချူဟွမ်လည်း သူ့ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ကာ တောင့်တင်းနေပြီဖြစ်သောခြေထောက်လက်ထောက်များကို ဆန့်ထုတ်လိုက်ပြီးနောက် ဖြစ်ပျက်သွားခဲ့သည်များအား အကြမ်းဖျင်းမျှ ပြန်လှန်ဆင်ခြင်သုံးသပ်နေမိ၏။ ထိုကိစ္စမှာ မတွေးမိလျှင် ကိစ္စမရှိသော်လည်း ထိုအချိန်ကအကြောင်းအရာများကို ပြန်မှတ်မိလာသည်နှင့်အမျှ တွေးလေတွေးလေ သူ့အနေဖြင့် ဂဏာမငြိမ်နိုင်ဖြစ်လာရလေ ဖြစ်ချေသည်။

ဤအချိန်တွင် သူသည် တစ်ယောက်ယောက်အား မျက်နှာချင်းဆိုင်မေးမြန်း၍ အကျိုးအကြောင်းအလုံးစုံကို သေသေချာချာရှင်းပြရန် တောင်းဆိုချင်မိလေ၏။

ဤအခြင်းအရာမှာ သူ၏စူးစမ်းသိချင်စိတ်ကို နှစ်သိမ့်ကျေနပ်စေရန်အတွက်သာ မဟုတ်တော့ပေ။ ချူဟွမ်အတွက် သူမရူးသေးကြောင်းကို သက်သေပြပေးနိုင်မည့် တစ်စုံတစ်ယောက် လုံးဝလိုအပ်နေသည့်အခြေအနေသို့ ဆိုက်ရောက်နေချေပြီ။.

သို့ရာတွင် ထိုသို့ရှင်းပြပေးရန်အတွက် အသင့်‌တော်ဆုံးသူမှာ သူ့မျက်‌စိရှေ့၌ပင်ရှိနေသော်လည်း ထိုသူမှာ နှစ်ခြိုက်စွာအိပ်မောကျနေလျက်ရှိပေ၏။ ချူဟွမ်မှာ အတော်ကြာအောင် ချီတုံချတုံဖြစ်နေပြီးနောက် နောက်ဆုံးတွင် သူ့စိတ်ထဲမှ အလျင်လိုနေမှုအား နန်ရှန်း၏ အိပ်ပျော်နေသည့်မျက်နှာက အနိုင်ရသွားလေတော့သည်။

ချူဟွမ်တစ်ယောက် ပင်ပန်းနွမ်းနယ်လှစွာဖြင့် သူ့မျက်လုံးများကို ပြန်မှိတ်လိုက်ကာ ပြန်သွားပြီးသည်နှင့် မည်သို့ပင်ဖြစ်နေပါစေ စိတ်ပညာရှင်တစ်ယောက်ထံသွား၍ ပြသကြည့်ရန် ဆုံးဖြတ်လိုက်ပေ၏။

သူ့အနေဖြင့် သူ့အသိစိတ်အာရုံတို့ကိုပင် ယုံစား၍မရနိုင်တော့သည့်အခြေအနေမျိုးသို့ ရောက်နေချေပြီ။

ဤသို့ တွေးလိုက်မိပြီးသည်နှင့်တစ်ပြိုင်နက် ချူဟွမ်တစ်ယောက် သူ့လက်တွင်ဝတ်ထားသည့်လက်စွပ်ကို အလိုအလျောက်စမ်းသပ်ကြည့်မိလေ၏။ သူ့အနေဖြင့် ဘာမျှရှိမနေသည့် နေရာလွတ်ကြီးကိုသာစမ်းမိမည်ဟူ၍ လုံးဝထင်မထင်မိခဲ့ချေ။ ထိုအချိန်၌ သူ့နှလုံးတစ်ခုလုံး လေဟာပြင်ထဲသို့ ခုန်ထွက်သွားပြီဟုပင် ထင်လိုက်ရလေသည်။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now