ရှောင်ယွဲ့၏ဖြူဖျော့ဖျော့မျက်နှာကို မြင်ရသောအခါ ယွီသုံသည် သူငယ်ချင်းဖြစ်သူအတွက် အလွန်စိုးရိမ်လာသည်။နောက်ဆုံး၌ ကူရာမဲ့ဖြစ်ကာ ရှဖန်အား လှမ်း‌ခေါ်ရန်သာ သူမ ဆုံးဖြတ်လိုက်သည်။

" အား...ငါ အူအတက်ရောင်နေသလို ခံစားနေရတယ် "ရှန်းရှောင်ယွဲ့က သူမ၏လက်ကို ဆုပ်ကိုင်ထားရင်း ပြော‌လေသည်။" တကယ်လို့ ငါ ခွဲစိတ်ရရင်လေ အနာရွတ်ကျန်အောင်မလုပ်ဖို့ ဆရာဝန်တွေကို ပြောပေးဖို့ မမေ့နဲ့နော်! "

" ပါးစပ်ပိတ်ထားစမ်းပါ! "ယွီသုံ စိတ်တိုလာသည်။

" သုံသုံ...နင် ငါ့ကို လုံးဝဂရုမစိုက်ဘူး "

" နင်... "

သူမ အော်ဆူရန်ပြင်နေဆဲမှာပင် ရှဖန် ရောက်လာ‌ခဲ့သည်။

" ရှဖန်...ဒီမှာ! "ယွီသုံ လက်ဝှေ့ရမ်းပြလိုက်သည်။

ရှဖန် သူမဆီသို့ ပြေးလာသောအခါ ယွီသုံ၏ဘေးတွင် နာကျင်နေသည့် အမူအရာဖြင့်ရှိနေသော လှပသည့်အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

" ဘယ်နေရာက နာ‌နေတာလည်း? "

" ဒီနေရာက! " ရှန်းရှောင်ယွဲ့က သူမ၏အစာအိမ်ကို ညွှန်ပြလေသည်။

ရှဖန်က ရှန်းရှောင်ယွဲ့၏ ဗိုက်ကို နှိပ်ကြည့်ပြီးနောက် မေးခွန်းများ‌မေးလာ‌လေသည်။" ဒီနေရာကရော ဘယ်လိုလည်း?နာလား? "

" မနာ‌ဘူး! "ရှန်းရှောင်ယွဲ့လည်း ‌ခေါင်းရမ်းပြ‌လိုက်သည်။" ဆေးရုံကိုလာတုန်းကနာပေမယ့် အခုတော့သိပ်နာတော့ဘူး "

" ဒါဆိုရင် ဘယ်နေရာက နာနေတာလည်းလို့? "ယွီသုံ စိုးရိမ်တကြီးဖြင့် အော်မေးလိုက်သည်။

ထိုအခါ ရှဖန်က ယွီသုံအား လှမ်းကြည့်၍ ပြောလာသည်မှာ...
" စိတ်မပူပါနဲ့...အူအတက်ရောင်တာ ဖြစ်ပါလိမ့်မယ် "

" ခွဲစိတ်ဖို့ လိုသေးလားဟင်? "ရှန်းရှောင်ယွဲ့ကမူ အမာရွတ်ဖြစ်လာနိုင်ခြင်းရှိ၊ မရှိကိုသာ တွေးတောနေဆဲဖြစ်သည်။

" ပါးစပ်ပိတ်ထားလိုက်တော့!အမာရွတ်ထက် နင့်ရဲ့အသက်က ပိုအရေးကြီးတယ်မလား? "

" အမာရွတ်! "

" မင်းဗ်ိုက်ထဲက အူအတက်ကို ထုတ်ပစ်ရလိမ့်မယ် "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Wo Geschichten leben. Entdecke jetzt