ယွီသုံက သူမအားဂရုစိုက်ပေးသည်ထက် သားဖြစ်သူကိုဂရုစိုက်ပေးသည်က မာမားရှအနေနှင့် ပို၍ကျေနပ်ရသည်။

" အိမ်မှာအနားယူရတာက ပိုကောင်းတာကို ဟိုင်နန်က ဗီလာအထိ ဘာလို့ သွားစရာလိုလို့လည်း?ငါတို့က အရမ်းချမ်းသာတာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ပိုက်ဆံဖြုန်းပြီးတော့ ဟိုင်နန်မှာ နှစ်ဝက်လောက် သွားနေရမှာလည်း? "မာမားရှက ညည်းညူကာ‌ပြောလေသည်။

" အမေ ပြန်ပြီးနာလန်ထဖို့အတွက် ဟိုင်နန်က ရာသီဥတုက ပိုပြီးတော့ သင့်တော်တယ်ဗျ "

" ငါတို့သားက သူ့ကိုပြုစုပျိုးထောင်ပေးခဲ့တဲ့ မိဘတွေအတွက် ပိုက်ဆံသုံးတာက ဘာမှား‌နေလို့လည်း? "ပါပါးရှကမူ မိဘနှစ်ပါးအား အတူတကွအချိန်ကုန်ဆုံးရန် စီစဉ်ပေးထားသည်ကို သဘောတူသည့်အနေဖြင့် ပျော်ရွှင်ကျေနပ်စွာပြောလာ‌လေသည်။

" ရှင်က ဘာသိလို့လည်း...ကျွန်မတို့သားက အခုလက်ထပ်ပြီးပြီလေ "ထို့နောက် မာမားရှက ယွီသုံလက်ကိုဆွဲယူကာ ပြောလာခဲ့သည်။" ယွီသုံ...ယွီသုံ...နောက်ကျရင် ရှဖန်ကို သမီးဆီ ပိုက်ဆံအပ်ခိုင်းနော်။မိန်းမတွေကပဲ ‌ငွေရေး‌ကြေးရေးကို စီမံခန့်ခွဲသင့်တာ "

" အန်တီ...ပိုက်ဆံက သမီးကိုင်တာပါ။ဗီလာအတွက်လည်း သမီးပဲဆုံးဖြတ်လိုက်တာ "ယွီသုံက မာမားရှကို ‌ပြောပြလိုက်သည်။

" အမေ ‌‌ပြောတာကို အဆုံးထိနားထောင်ပါဦးကွယ်။သမီးတို့က လက်ထပ်ပွဲမလုပ်ရသေးပေမယ့် လက်ထပ်မှတ်ပုံတင်ပြီးသားပဲလေ။ သမီးယောက်ျားကို ဘယ်အချိန်မှ စည်းကမ်းတင်းကျပ်မှာလည်း? "

ရှဖန်ကိုကြည့်လိုက်သည့်အခါတွင်လည်း ၎င်းသည်လည်း သူမနည်းတူ မှင်သက်နေလေ၏။" အမေ ဘာတွေ‌ပြော‌နေတာလည်း?ကျွန်တော့်တို့အတွက် အန်ပေါင်းတောင် ပြင်မလားဘူးလား? "

" ပြင်မလာဘူးလို့ ဘယ်သူကပြောတာလည်း? "ထိုသို့ပြောပြီးသည့်နောက် မာမားရှသည် အိတ်ကပ်ထဲမှ စာအိတ်နှစ်ခုထုတ်လိုက်ပြီး ယွီသုံအား‌ ‌ပေးလိုက်လေသည်။

ရှဖန်လည်း ယ်ွီသုံအား ကသိကအောက်ဖြစ်စွာဖြင့် ကြည့်လိုက်သော်လည်း ဘာမှမပြောလိုက်‌ပေ။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now