အဖြူရောင်ဝတ်စုံဝတ်ထားသည့်မိန်းကလေးနှင့်‌တောက်ပနေသည့်အခန်းသည် ရှဖန်၏နှလုံးသားကို တဒုတ်ဒုတ်မြည်လာစေပြီးနောက် ‌နေသာသာ ‌နေ့လည်ခင်းတစ်ခုကို ပြန်လည်အမှတ်ရစေသည်။
အန်အန်းဆိုသည့် ဆံပင်အနက်ရောင်နဲ့ အသားညိုညို ကောင်မလေးက လက်ချာချိန်ပြီးတဲ့အခါမှာ နှစ်သက်ဖွယ်အသံလေးနဲ့ သူ့ကိုလာလာခေါ်တဲ့အချိန်ကိုပေါ့။

" အခု ရှင့်မျက်လုံးရဲ့အကြည့်က ကျွန်မကိုယ်ထဲမှာ ရှင့်အချစ်ဦးကို
မြင်လိုက်ရတဲ့ပုံဖြစ်နေပြီးတော့ ကျွန်မကိုအတွေးများအောင် လုပ်နေ
ပြီ "အတိတ်က သူမ၏အရောင်းဝန်ထမ်းရာထူး‌ကြောင့် လက်ဖျားခါရလောက်သည့်မြင်နိုင်စွမ်းသည် ရှဖန်၏ထူးဆန်းသောအကြည့်တို့အား ရှာဖွေတွေ့ရှိရန် အ‌ထောက်အကူဖြစ်စေသည်။

" အဟွတ် အဟွတ်! "ရှဖန်၏တုံ့ပြန်မှုသည် မူမမှန်ပေ။

" ရှင့်အချစ်ဦးအန်အန်းနဲ့ တူနေရင်တော့ အခုပဲ ကျွန်မ အဝတ်အစားသွားလဲလိုက်မယ် "ယွီသုံ ထိုကဲ့သို့ပြောပြီး ရှဖန်အား
ဆက်ကာ စောင်းကြည့်နေခဲ့သည်။

" ဘာဖြစ်လို့လည်း? "ရှဖန် အံ့အားသင့်သွားသည်။

ဒီလိုဆိုရင်ကော!မျက်နှာတွင် မည်သည့်အမူအရာမှမပြဘဲ ယွီသုံ တံခါးပိတ်လိုက်ကာ ပန်းပွင့်များပါသည့်စကတ်ရှည်ကို အလျင်အမြန်လဲလှယ်လိုက်သည်။ယွီသုံ၏အရပ်သည် ၁၅၈cmရှိသည့်အတွက် ဒေါက်ဖိနပ်အမြင့်နှင့်စကတ်အရှည်မှာ လိုက်ဖက်ညီလှသည်။

ရှဖန် နောက်တစ်ကြိမ်တံခါးခေါက်ရန် ပြင်လိုက်စဉ်မှာပင် တံခါးပွင့်လာခဲ့ပြီး ယွီသုံသည် အဖြူရောင်စကတ်နှင့် ဖြူဖြူစင်စင်
မိန်းကလေးအဖြစ်မှသည် အသေးစိတ်ပြင်ဆင်ထားသည့် ပန်းချီ
စာပေကျွမ်းကျင်သူ ရှေးခေတ်မိန်းမပျိုလေးအသွင်သို့ ‌ပြောင်းလဲသွား‌တော့သည်။

" ကျွန်မပုံစံက ရှင့်ရည်းစားဟောင်းကို သတိရနေစေတုန်းပဲလား? " ယွီသုံက မျက်ခုံးပင့်ကာ မေးလာခဲ့သည်။

" မင်းက သူနဲ့တူတယ်လို့ ငါ ဘယ်တုန်းကမှ မပြောပါဘူး "ရှဖန်
ကမ္ဘာပေါ်မှ ‌ပျောက်ကွယ်သွားချင်နေ‌တော့သည်။

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now