Lucas စကားမဆုံးခင် Chris ကသူ့ကို ခပ်ပြင်းပြင်းတွန်းလိုက်သည်။

အခက်အခဲ ဟုတ်လား။

Jorah က ဒေါက်တာ Ramiel ထွက်ပြေးတာကို ခုခံပေးပြီး ပြည်ထောင်စုအတွက် လူမဆန်တဲ့ နှိပ်စက်မှုတွေကို တောင့်ခံပေးခဲ့တာ သူချစ်ရတဲ့သူဆီကနေ အခက်အခဲလို့ အပြောခံရဖို့လား။

Chris က Lucas ကိုခပ်စူးစူးစိုက်ကြည့်ပြီး Lucas ကိုဖိနှိပ်ရန် သူ၏ဟော်မုန်းများကို လူကြားထဲမှာပင် လွှင့်လိုက်သည်။ ထို့အပြင် သူကနှစ်ပေါင်းများစွာထိန်းသိမ်းထားသည့် သွေးအေးသောပုံရိပ်ကို ဖျက်ကာ Lucas အားမြေပြင်ဆီ ကန်ချလိုက်သည်။

သူ့ရင်ခွင်ထဲတွင် Qing Yun သာမရှိဘူးဆိုလျှင် Lucas ကိုဤမျှဖြင့် ရပ်တန့်ပေးမည်မဟုတ်ပေ။

အော်သံများထွက်လာပြီး စုဝေးနေသောသူများက ဖယ်ပေးလိုက်ကာ လမ်းဖွင့်ပေးလိုက်သည်။ Chris ၏ ဟော်မုန်းနံ့က အလွန်စူးရှသည်လေ။

Lucas ကဒေါသထွက်နေသော Chris ကိုကြည့်ကာ ဇဝေဇဝါ ဖြစ်နေသည်။

Ramiel လည်းဆင်းလာသည်။ သူလည်း Lucas ၏စကားများကိုကြားလိုက်ရပြီး စိတ်မပျော်ရွှင်ပုံပေါက်နေသည်။ သူက မြေကြီးပေါ် ထိုင်နေသော Lucas ကိုကြည့်ကာခေါင်းခါလိုက်သည်။ "ငါမှားသွားတာပဲ။ ငါမင်းကို ဒီမခေါ်လိုက်သင့်ဘူး။"

Chris က omega လေးကိုပွေ့ထားရင်းအပြန်လေယာဉ်ထဲချက်ချင်းဝင်သွားသည်။

ရင်ပြင်ထဲတွင် လာကြိုသောသူများက သူ့လက်ထဲမှ Omega ကိုစိတ်ဝင်တစားကြည့်နေကြသည်။ Chris ကအသက်၅၀ရှိနေပြီဖြစ်ပြီး ဤခေတ်တွင် အရွယ်ကောင်းရောက်နေပြီဖြစ်သော်လည်း စေ့စပ်ပြီး၊လက်ထပ်ပြီး​သော အခြားဗိုလ်ကြီးများနှင့်ယှဉ်လိုက်လျှင် Chris၏ အချစ်ရေးက ဗလာသက်သက်ပင်။

သူ၏တစ်ကိုယ်လုံးက စက်ရုပ်ဖြင့်သာတူပြီး ယခုomega လေးတစ်ယောက်ကို ပွေ့ထားကာပေါ်လာသည်။ သူ၏ကာကွယ်ပေးလိုစိတ်ကြီးကလည်း ယိုဖိတ်နေရာ လူတိုင်းမစပ်စုဘဲ မနေနိုင်တော့ပေ။

"ဗိုလ်ကြီး Lucas ဆီကကြားတယ်။ ဗိုလ်ကြီး Chris သယ်လာတဲ့ omega က Jorah တဲ့"

ချစ်စရာကောင်လေးအဖြစ် ကမ္ဘာကူးပြောင်းမယ့် အရှင်သခင်ကြီးWhere stories live. Discover now