Chapter-20: ဤကမ္ဘာ ( ဤကမာၻ )

Start from the beginning
                                    

သူ့အနေဖြင့် သူငယ်စဉ်တုန်းက မည်မျှဆိုးသွမ်းခဲ့ကြောင်းကို အမှတ်ရမိသွားပြီးနောက် တွေးလိုက်မိချေသည်။
/"တကယ်လို့ လုအာလေးက ကလေးနှစ်ယောက်မွေးမယ်ဆိုရင် သူ့အိမ်မှာ ငြိမ်းချမ်းမှုဆိုတာ ရှိနိုင်ပါ့ဦးမလား?"/

ချူဟွမ်တစ်ယောက် သစ်ပင်ပေါ်မှ စုံထောက်ကလေးများကို လက်ယပ်ခေါ်လိုက်၏။ ကလေးများ၏လည်ပင်းများမှာ ငှက်ကြီးဝန်ပိုလည်ပင်းရှည်များအဖြစ်မှ လိပ်တစ်ကောင်ပမာ တိုဝင်သွားပြီးနောက် အချင်းချင်း 'သူဆိတ်၊ ကိုယ်လိမ်၊ သူရိုက်၊ ကိုယ်ကန်၊ သူတွန်း၊ ကိုယ်ထိုး' ဖြင့် မည်သူမျှ ထွက်မလာရဲကြပဲရှိနေကြလေသည်။

နောက်ဆုံးတွင်ကား ‌မောင်ခေါင်းပြောင်လေးက ဦးဆောင်လိုက်ပြီး သကြားလုံးတစ်လုံးစာခင်မင်မှုဖြင့် သစ်ပင်ပေါ်မှ ခုန်ဆင်းချလာတော့၏။

စုံထောက်အဖွဲ့မှာ ရေဆူဆူထဲသို့ ဖက်ထုပ်များပစ်ထည့်လိုက်သည့်နှယ် သစ်ပင်ပေါ်မှ အားလုံးခုန်ချလာကြပေသည်။ ချူဟွမ်လည်း အိမ်ထဲသို့ပြန်ဝင်သွား၍ သကြားလုံးလက်တစ်ဆုပ်စာယူလာကာ တစ်ယောက်တစ်လုံးစီဝေပေးလိုက်ပြီးနောက် ကလေးများကို ပြန်လွှတ်လိုက်၏။

သေချာပေါက်ပင် လွယ်လွယ်နှင့် ပြန်လွှတ်၍မရသောသူများလည်း ရှိသည်ပင်။ ဥပမာအားဖြင့် မောင်ခေါင်းပြောင်ကလေး ဖြစ်လေ၏။

မောင်ခေါင်းပြောင်လေးမှာ ဆင်ကိုအကောင်လိုက်မျိုချင်နေသော မြွေတစ်ကောင်ပမာ လောဘကြီး၍ မတင်းတိမ်နိုင်ဘဲ ရှိနေချေသည်။ သကြားလုံးစားပြီးသည့်နောက်တွင်ပင် ထိုသူ့အကြောင်းကို စဉ်းစားနေမိဆဲ ဖြစ်လေသည်။ ထိုကလေးမှာ ခေတ္တမျှ သေချာတွေးတောနေပြီးသည့်နောက် မျက်နှာပြောင်တိုက်ခြင်းသည် လူတစ်ယောက်အောင်မြင်နိုင်ရန်အတွက် ပထမဆုံးသောခြေလှမ်းဖြစ်သည်ဟု ဆုံးဖြတ်လိုက်၏။ ထိုသို့ဖြင့် မောင်ခေါင်းပြောင်ကလေးသည် ရှက်ရွံ့ခြင်းကင်းစွာဖြင့် ဘေးဘက်မှနေ၍ ချူဟွမ်ထံသို့ လက်နှစ်ဖက်ကိုဆန့်တန်းလာပေသည်။

ချူဟွမ်မှာ လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းဆုတ်သွား၏။
"ဘာလို့လဲ? မင်း ဖက်ချင်တာတော့ မဟုတ်ဘူးမလား?"

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now