အခန်း (၅၇) အခန္း (၅၇)

1.3K 334 82
                                    

[Unicode]

"မိစ္ဆာကြီး..." သစ်ခွပန်းလေးက တုန်းဖန်းချင်းချန်းအား အချိန်အကြာကြီးငေးစိုက်ကြည့်နေပြီးမှ အော်လိုက်လေသည်။ "ရှင်... ရှင်ဖျားနေတာလား"

တုန်းဖန်းချင်းချန်း၏မျက်လုံးများ နည်းနည်းလေးလှုပ်လို့သွားသည်။ သစ်ခွပန်းလေး၏မျက်နှာကို ကောက်ကိုင်လျက် မပြောမဆိုဘေးသို့ဆွဲပစ်လိုက်ကာ "ဒီအရှင်က မင်းကို ဒီလိုစကားမျိုးပြောတဲ့ဟာကို၊ မင်းက ပြန်ပြီး ဒီအရှင်က ဖျားနေတယ်လို့ပြန်ပြောတယ်ပေါ့လေ။ စကားလုံးတွေရဲ့အဓိပ္ပါယ်ကို နားမလည်ရလောက်အောင် မင်း အရမ်းတွေ ထုံထိုင်းနေတာလား။ ဟမ်"

သစ်ခွပန်းလေးက ပြန်မရုန်းဘဲ တုန်းဖန်းချင်းချန်းကို အတန်ကြာအောင် ဆက်ဆွဲထားစေလိုက်ပြီးမှ အူကြောင်ကြောင်ကြီးပြောလိုက်သည်။ "ကျွန်မ နားမလည်တာ၊ ကျွန်မ ဒီတိုင်း... အဲ့ဒီစကားလုံးတွေ ရှင့်ပါးစပ်ထဲကနေထွက်လာလို့ နားမလည်နိုင်ဘဲဖြစ်နေတာ"

တုန်းဖန်းချင်းချန်းက သစ်ခွပန်းလေး၏မျက်နှာကိုကိုင်ထားရာမှ လွှတ်လိုက်ကာ အေးတိအေးစက်ကြည့်လျက် "ဒီအရှင့်ဘေးမှာနေ"

စကားလုံးလေး (၆)လုံးတည်းဖြစ်လျက် မည်သည့်စိတ်ခံစားချက်မျိုးမှ ပါမလာချေ။ လေသံမှာလည်း တုန်းဖန်းချင်းချန်း ပြောဆိုနေကျ အမိန့်ပေးသံကြီးမျိုးဖြစ်လျက် ညှိနှိုင်းရန်အခွင့်မပေးထားပါ။

သစ်ခွပန်းလေး၏မျက်လုံးများ ပြူးကျယ်လို့သွားသည်။ ထိုမျက်ဝန်းနက်နက်များထဲတွင် တုန်းဖန်းချင်းချန်း၏ပုံရိပ်ချည်းသာ ရှိလို့နေကြ၏။

"ပြောတာ နားလည်လား"

နားလည်တယ်။

"ဒါပေမဲ့..." သစ်ခွပန်းလေးက သူမကိုယ်သူမအသိစိတ်ကပ်နေအောင်ထိန်းထားပါသေးသည်။ သို့သော် သူမမျက်နှာအမူအရာကမူ ထိန်းချုပ်မှုအောက်က လွှတ်ထွက်နေလေပြီ။ "ဘာလို့လဲ"

"ဘာကြောင့်ရယ်လို့ မရှိဘူး" တုန်းဖန်းချင်းချန်းက ဆိုလာသည်။ "ဒီအရှင်က မင်းကို နေစေချင်တယ်လို့ သိရင်ရပြီ"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now