အခန်း (၈၂) အခန္း (၈၂)

1.7K 352 38
                                    

[Unicode]

ကောင်းကင်အရောင်က မည်သည်အခါမှ ပြောင်းလဲမသွားခဲ့ချေ။

ထိုအရာက တုန်းဖန်းချင်းချန်းတစ်ယောက် ရှေးခေတ်ကာလတုန်းက လှည့်လည်သွားလာနေခဲ့ရသည့် အဆုံးအစမဲ့ရှည်လျားလှသော အမှောင်ထုကြီးနှင့်လည်း မတူညီပါ။ ဤနေရာတွင် ညဘက်ဟူ၍တစ်ခါမှ မရှိခဲ့။ သို့သော် ဤနေရာတွင် သူအချိန်အကြာကြီးလှည့်လည်သွားလာနေခဲ့ရစဉ်က ဖြစ်ပေါ်ခံစားခဲ့ရသည်နှင့်တူညီသော အထီးကျန်ခြင်းတို့ရှိနေလျက်...

ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှ၏။

သို့ပါသော်လည်း ထိုစဉ်အခါကထက်တော့ သာလေသည်။ အကြောင်းအရင်းကိုဆိုရ​သော်... တုန်းဖန်းချင်းချန်း၏မျက်လုံးများ ဖားဖားပွပွသစ်ခွပန်းများပေါ် အကြည့်ရောက်သွားချိန်တိုင်း သူ့နှလုံးအိမ်ထဲ မျှော်လင့်စောင့်စားမှုအနည်းငယ်မျှ အမြဲဖြစ်ပေါ်လာလေ့ရှိသည်။

ထိုအထဲမှ ပုံရိပ်တစ်ခုခုန်ထွက်လာပြီးနောက် သူ့အား စိတ်ဆိုးမာန်ဆိုးဖြင့် "မိစ္ဆာကြီး" ဟု ခေါ်လာမည်ကို စောင့်မျှော်နေခြင်းမျိုး။

ဤသို့တွေးလိုက်သည့်အချိန်တိုင်း တုန်းဖန်းချင်းချန်းစိတ်ထဲ ဤနေရာရှိပျင်းရိငြီးငွေ့ရခြင်းတို့ကား သည်းညည်းခံနိုင်ဖွယ်ရှိသည်ဟု ခံစားမိသွား၏။ သူဟာ ထိုအရာကို ပိုလို့ပင်ကြာကြာသည်းခံနိုင်ပါသေးသည်။

အချိန်မည်မျှကုန်ဆုံးသွားပြီဖြစ်ကြောင်း မသိတော့ပါ။ ဘေးပတ်ဝန်းကျင်ရှုခင်းများမှာ လုံးဝပြောင်းလဲသွားခြင်းမရှိခဲ့ချေ။ အချိန်ကဆက်လက်ရွေ့လျားနေသည်ဖြစ်စေ၊ ရပ်နေသည်ဖြစ်စေ တုန်းဖန်းချင်းချန်း၏စိတ်ခံစားချက်များကား ဝေဝါးလို့နေကြ၏။ ရှင်းလင်းသေချာသည့် တစ်ခုတည်းသောအရာမှာမူ သူ့ရင်ဘတ်ပေါ်မှဒဏ်ရာဖြစ်လျက် ထိုအရာဟာ တဖြည်းဖြည်းချင်း ကောင်းမွန်လာပြီဖြစ်သည်။

ရှော့ဖုန်းဓား၏ဓာတ်သဘာဝမှာ အလွန်အေးခြင်းဖြစ်ကာ သူ၏ဓာတ်သဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်လို့နေပါသည်။ ထို့ကြောင့် ရှော့ဖုန်းဓား သူ့နှလုံးပေါ်ချန်ထားရစ်ခဲ့သည့်ဒဏ်ရာမှာ ပြန်ကောင်းလာရန် အင်မတန်မှခက်ခဲလှပါ၏။ သို့ပါသော်လည်း ယခုမူ ထိုဒဏ်ရာမှာ သက်သာလာခဲ့လေပြီ။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now