အခန်း (၂၄) အခန္း (၂၄)

1.3K 362 30
                                    

[Unicode]

သစ်ခွပန်းလေးက အတန်ကြာမျှအိပ်ပျော်လို့သွားခဲ့သည်။ သူမပြန်နိုးလာသည့်အခါ မြင်မြင်သမျှမှောင်မည်းနေဆဲပင်ရှိသေးသည်။ ယခင်ကထက်ပင် ပိုမှောင်လာသေးသည့်ဟု သတ်မှတ်လို့ရ၏။

သစ်ခွပန်းလေး လက်များဆန့်ကြည့်လိုက်သော်လည်း လက်(၅)ချောင်းကို မမြင်ရချေ။ သူမ ကြက်သေသေလို့သွားပြီးနောက် ပြန်အသိဝင်လာလေသည်။ ယခင်က သူမကိုယ်သူမပြန်မြင်နိုင်ရခြင်းမှာ တုန်းဖန်းချင်းချန်း သူမခန္ဓာကိုယ်ပေါ် ဖန်တီးပေးထားခဲ့သည့် အကာအကွယ်မန္တန်ကြောင့်ပင်။ ယခုမူ တုန်းဖန်းချင်းချန်း၏အကာအရံမန္တန်မှာ ပျောက်ကွယ်သွားလေပြီ။

"မိစ္ဆာကြီး" သစ်ခွပန်းလေး၏အသံက မှောင်မည်းနေသောလှိုဏ်ဂူထဲ အကြိမ်ကြိမ်အခါခါ ပဲ့တင်ထပ်လို့နေခဲ့ပြီးမှ ရပ်တန့်သွားခဲ့သည်။ "ရှင်သေသွားပြီလား"

မည်သူမျှ တုံ့ပြန်မလာခဲ့ချေ။

သစ်ခွပန်းလေး တံတွေးမျိုးချလိုက်ကာ "မိ... မိစ္ဆာကြီး"

"ပူညံပူညံလုပ်မနေနဲ့"

ဤတုံ့ပြန်မှုကိုပြန်လည်ရရှိအောင် သစ်ခွပန်းလေးအနေဖြင့် အတော်အတန်ကြာသည်အထိစောင့်ဆိုင်းခဲ့ရပါသော်လည်း၊ ထို့အပြင် ထိုအသံတွင် နွေးထွေးမှုတစ်စက်မျှမပါဘဲ အေးစက်စက်ကြီးဖြစ်နေခဲ့ပါသော်လည်း ထိုတုံ့ပြန်မှုက သူမအား စိတ်သက်သာရာရ၍ သက်ပြင်းချလိုက်စေခဲ့သည်။ "ရှင် ကျွန်မအပေါ်မှာ မန်းမှုတ်ပေးထားခဲ့တဲ့မန္တန်က ပျောက်သွားပြီ။" သူမက ဆိုလိုက်သည်။ "ကျွန်မက ရှင်နောက်တစ်ခါ ထပ်သေသွားပြန်ပြီပဲ ထင်နေတာ။ အဲ့ဒါကြောင့်..."

"အဲ့ဒီအကာအကွယ်မန္တန်က မင်းကို ကောင်းကင်ဘုံမိုးကြိုးဒဏ်ကနေကာကွယ်ဖို့ပဲဟာ။ ကောင်းကင်ဘုံမိုးကြိုးက ရပ်သွားပြီဆိုတော့ အကာအကွယ်မန္တန်လည်း ပျောက်သွားပြီးပေါ့"

သစ်ခွပန်းလေး၏မျက်လုံးများ အရောင်တောက်လို့သွားကာ "ကောင်းကင်ဘုံမိုးကြိုးရပ်သွားပြီ။ ဒါဆို ကျွန်မ ထွက်သွားလို့ရပြီပေါ့"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now