အခန်း (၃၈) အခန္း (၃၈)

1.3K 327 17
                                    

[Unicode]

ညဉ့်အချိန်၌ ကောင်းကင်ယံတွင် တိမ်များဖုံးလျက် ပိန်းပိတ်အောင် မှောင်နေသည်။

ငုပ်လျှိုးကွယ်ဝှက်မှုထောင်ချီတောင်၏ အမှောင်ထုထဲ တုန်းဖုန်းချင်းချန်းအခန်းမှ စားပွဲပေါ်ရှိ မီးအိမ်ဟာ မီးလင်းလို့နေ၏။ သူက စားပွဲဘေးတွင်ထိုင်နေလျက် သူ့အရိပ်အား မြေပြင်ပေါ် ကျနေစေသည်။

သူ့အနောက်ဘက်ရှိ အိပ်ရာပေါ်တွင် သစ်ခွပန်းလေးဟာ လှုပ်ရှားလိုသဖြင့် နည်းနည်းဂနာမငြိမ်ဖြစ်နေရှာသည်။ သို့သော် ခန္ဓာကိုယ်နှင့် အသားကျသွားရအောင် တစ်နေ့တာလုံး လုပ်ခဲ့ပြီးသည့်တိုင် ယခုအချိန်၌ သူမဟာ လက်များကို မြှောက်နိုင်ခြင်းနှင့် လည်ပင်းကို လိမ်နိုင်ခြင်းအထိသာ လှုပ်ရှားနိုင်ပါသေးသည်။ ခြေထောက်များနှင့် ခါးကမူ သူမထိန်းချုပ်မှုအောက်မှ လွတ်ထွက်လို့နေကြဆဲရှိသေး၏။

ဤသည်က သစ်ခွပန်းလေးအား နည်းနည်းကြောင့်ကြ၍ အားမလိုအားမရစိတ်များဖြစ်လာစေကြောင်း သံသယဖြစ်နေစရာ မရှိချေ။ အထူးသဖြင့် အခန်းတစ်ခန်းထဲ၌ သူမနှင့်တုန်းဖန်းချင်းချန်းတို့သာ ရှိနေကြချိန်မျိုးတွင် ဖြစ်လေသည်...

"ပြောရမှာ ကိုးရိုးကားယားတော့နိုင်သား" တုန်းဖန်းချင်းချန်းက သူ့ခေါင်းကို ပြန်လှည့်မလာဘဲ အခါးရည် တစ်ငုံသောက်လိုက်ရင်းက ပေါ့ပေါ့ပါးပါးလေး စကားဆိုလိုက်သည်။ "ငါ့ခန့်မှန်းချက်အရတော့ မင်း ဒီခန္ဓာကိုယ်နဲ့ လုံးဝအသားကျသွားပြီး ချောချောချူချူလှုပ်ရှားတာမျိုး (၃)ရက်အတွင်း လုပ်လို့ရဦးမှာ မဟုတ်ဘူး"

သစ်ခွပန်းလေးက ဟမ့်ခနဲ နှာမှုတ်ပစ်လိုက်သည်။ ယခုဆိုလျှင် တုန်းဖန်းချင်းချန်းဘက်မှ သူမအား စကားဆိုလာလိုက်တိုင်း သူမနှလုံးအိမ်ထဲ၌ အမျက်ဒေါသများ တရိပ်ရိပ်ဖြစ်ပေါ်ခံစားလာရတတ်သည်။ သူမဟာ တုန်းဖန်းချင်းချန်းအပေါ် ပိတ်ပိတ်ပြောတတ်သည့်အကျင့်ပင် အလိုလိုဖြစ်လာလုနီးနီးပင်။

"ရှင်က လေလုံးထွားနေသလောက်လည်း အစွမ်းထက်လှတာ မဟုတ်ဘဲနဲ့များ။ ရှင် ခန္ဓာကိုယ်တစ်ခု ပုံသွင်းခဲ့မှတော့ အဲ့ဒီထဲ သူများတွေ ဝင်နေလို့ ရရမှာပေါ့။ ဘယ်နှယ့်ရှင်၊ ရက်တွေအများကြီး တောင့်တောင့်ကြီး ဖြစ်နေရမတဲ့လေ"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါKde žijí příběhy. Začni objevovat