အခန်း (၁၅) အခန္း (၁၅)

1.6K 364 35
                                    

[Unicode]

တုန်းဖန်းချင်းချန်းက ဝမ်းဗိုက်အောက်ပိုင်းကိုကိုင်ထားသည့် သစ်ခွပန်းလေး၏လက်အား ဆွဲဖယ်လျက် ခပ်တင်းတင်းဖမ်းကိုင်ထားလိုက်သည်။ သူမလွတ်ထွက်မသွားရလေအောင် ဘယ်လက်နှင့်ညာလက်တို့၏ လက်ချောင်းများကို အချင်းချင်းယှက်လျက် ဆုပ်ကိုင်ထားလိုက်သေးသည်။ သစ်ခွပန်းလေးဟာ မည်သည့်မဟုတ်က၊ ဟုတ်က အမူအရာမျိုးမှ လုပ်လို့မရနိုင်တော့ချေ။

သို့ပေမဲ့လည်း ဤလုပ်ရပ်က တုန်းဖန်းချင်းချန်းခန္ဓာကိုယ်ထဲရှိ လှုံ့ဆော်မှုများအား ပျက်ပြယ်သွားအောင် မလုပ်နိုင်ခဲ့ဘဲ စိတ်ဆန္ဒအရင်းခံကတော့ ထိလို့မဖြစ်သေးသည့်အနေအထားမျိုးတွင် ရှိနေသေးသည်။ သစ်ခွပန်းလေးဟာ ပိုစိတ်ရှုပ်လာကာ ဘယ်ဘက်လက်ချောင်းများနှင့် တုန်းဖန်းချင်းချန်း၏ ညာဘက်လက်ပေါ် အပြန်ပြန်အလှန်လှန်ကုတ်လို့နေတော့သည်။

တုန်းဖန်းချင်းချန်းတစ်ယောက် မျက်မှောင်ကုတ်လျက် အစိမ်းရောင်မြွေမိစ္ဆာဘက်သို့ ကြည့်လိုက်ကာ "ယူလာခဲ့"

မြွေစိမ်းမိစ္ဆာက သူမ၏လက်ညှိုးကို အမြန်လှီးဖြတ်လိုက်ကာ တန်ခိုးဖြင့် ကြွေခွက်တစ်ခွက်ဖန်တီးလိုက်သည်။ သွေးများအား ထိုကြွေခွက်ထဲသို့ ညှစ်ထည့်လျက် ခွက်အသေးလေးပြည့်သွားသည့်အခါ မြွေစိမ်းမိစ္ဆာက သူမဒဏ်ရာကို ပြန်ပိတ်လိုက်၏။ ထို့နောက် တုန်းဖန်းချင်းချန်းရှေ့သို့ ခွက်ကို သတိကြီးကြီးထားကာ ဆက်သလိုက်သည်။

တုန်းဖန်းချင်းချန်းက လှမ်းယူ၍ ခွက်ထဲရှိ နီနီရဲရဲသွေးများကို မွေ့လိုက်သည်။ မြွေသွေးကား အေးစက်လို့နေသော်လည်း ညှီနံတော့ တထောင်းထောင်းထမနေပါ။ အနံ့ရှူလိုက်သည့်အခါ သစ်ခွပန်းလေး၏ဝိညာဉ်ထဲရှိ လှုံ့ဆော်နေသောစိတ်များ နည်းနည်းလျော့လို့သွားလေသည်။

"အနှစ် (၃,၀၀၀) သက်တမ်းရှိတဲ့ အစိမ်းရောင်အရေပြားပိုင်ရှင်မြွေတွေက အာဟာရတော့ရှိသားပဲ" သူက ခွက်ကို အပြောင်မော့ချလိုက်ပြီးနောက် သွေးပေနေသည့်နှုတ်ခမ်းအား သပ်လျက် မော့ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် ထိုအကြည့်က မြွေစိမ်းမိစ္ဆာမ၏နုလုံးအိမ်ကို ချောက်ချားတုန်လှုပ်သွားစေ၏။ သူမက အလိုလိုအနောက်ဘက်သို့ ခြေတစ်လှမ်းဆုတ်သွားမိသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now