အခန်း (၆၈) အခန္း (၆၈)

1.3K 311 69
                                    

[Unicode]

နတ်နန်းတော်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ နတ်မင်းများအားလုံးလည်း နှုတ်ဆိတ်လို့နေကြလျက် ပင်မခန်းမဆောင်ကြီးထဲတွင် သစ်ခွပန်းလေး၏အသံတစ်ခုတည်းသာ တီးတိုးပေါ်ထွက်လို့နေသည်။

သစ်ခွပန်းလေးက ကြမ်းပြင်ကိုငုံ့ကြည့်လို့နေလျက် ဤအတောအတွင်း သူမတွေ့ကြုံခံစားခဲ့ရသည်များကို လိုရင်းတိုရှင်းပြောပြနေလေသည်။ သူမနှင့်တုန်းဖန်းချင်းချန်းကြားမှ ရှင်းပြရန်ခက်လှသည့် အရှုပ်အထွေးပတ်သက်မှုပေါင်းများစွာကို ချန်လှပ်ထားခဲ့လိုက်သည်။ သို့သော် သူမဘက်မှ မည်မျှချန်လှပ်ထားခဲ့ပါစေဦးတော့၊ ဤအတောတွင်း သူမနှင့် အချိန်အများစုအတူတူတွဲရှိနေခဲ့သူမှာ တုန်းဖန်းချင်းချန်းဖြစ်နေလျက် သူမ၏အရေးကိစ္စများအားလုံးဟာ တုန်းဖန်းချင်းချန်းကိုဗဟိုပြု၍ ဖြစ်ပွားခဲ့သည်သာ။ ထို့ကြောင့် သူမစိတ်ထဲအနက်ရှိုင်းဆုံးစွဲထင်ကျန်ရစ်ခဲ့သည့် ခံစားချက်အား ပေးစွမ်းသူမှာ တုန်းဖန်းချင်းချန်းမှလွဲ၍ အခြားသူမရှိတော့ချေ။

ဤအတောတွင်း သူမတွေ့ကြုံခံစားခဲ့ရသမျှအရေးကိစ္စတိုင်းတွင် တုန်းဖန်းချင်းချန်းက ပါဝင်နေခဲ့သည့်အလျောက် သူမဘက်မှ ထိုအရာကို ထုတ်မပြောလာခဲ့သည့်တိုင် ထိုအဖြစ်အပျက်မြင်ကွင်းပုံရိပ်များဟာ သူမစိတ်အာရုံထဲ ပြန်ပေါ်ပေါ်လာနေကြဆဲပင်။

အတူတူတွဲ၍ လျှောက်လှမ်းဖြစ်ခဲ့ကြ၊ ရန်ဖြစ်စကားများခဲ့ကြလျက် ရံဖန်ရံခါတွင် 'ခန္ဓာကိုယ်ချင်း ထိတွေ့မိခြင်း' မျိုးပင် ဖြစ်ခဲ့ကြဖူးသည့်မြင်ကွင်းပုံရိပ်များ။ နတ်ဧကရာဇ်နန်းတော်တွင် တိမ်စိုင်တိမ်လိပ်အုတ်ခဲများရှိကြသည်ဖြစ်ရာ သစ်ခွပန်းလေးဟာ သူမနှင့်တုန်းဖန်းချင်းချန်းတို့ပုံရိပ်များကို ထိုအခိုးအငွေ့များထဲ မြင်ယောင်နေရသကဲ့သို့ ဖြစ်နေလေသည်။ ဤအကြောင်းအရာများပြန်လည်ပြောဆိုပြီးသွားသည့်နောက် သူမစိတ်ထဲတွင်ရှိနေခဲ့သော ထိုအခိုက်အတန့်အမှတ်တရများကို ပြန်သတိရကာ နှုတ်ဆိတ်လို့သွားတော့သည်။

နတ်နန်းတော်ကြီးတစ်ခုလုံးလည်း သူမနှုတ်ဆိတ်သွားသည့်အတိုင်း လိုက်၍တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ မည်သူတစ်ဦးတစ်ယောက်မျှ စကားဆိုမလာခဲ့ချေ။ သစ်ခွပန်းလေးမော့ကြည့်မိလိုက်သည့်အခါ အားလုံးမှင်တက်လို့နေကြခြင်းဖြစ်ကြောင်း သဘောပေါက်လို့သွားသည်။ တအောင့်မျှကြာပြီးသွားသည့်နောက် အဆုံးတွင် နတ်ဧကရာဇ်မင်းက စကားဆိုလာလေပြီ။ "မင်းပြောပုံအရဆိုရင် ချိသိအမျိုးသမီးက အခုဒီမှာရှိနေတာလား"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now