အခန်း (၂၁) အခန္း (၂၁)

1.4K 341 26
                                    

[Unicode]

မျက်စိကျိန်းလွန်းလှသည့်လျှပ်စီးအလင်းရောင်က သစ်ခွပန်းလေးဆီ မြှားတစ်စင်းနှယ် ရောက်ရှိလို့လာသည်။

သူမဟာ အလိုလိုခေါင်းကို လှမ်းဖက်ထားလျက် ငုပ်တုတ်ထိုင်ချလိုက်သည်။ သို့သော် မိုးကြိုးအသံ နားထဲသို့ အုန်းခနဲဝင်လာချိန်တွင် သစ်ခွပန်းလေး၏ဤခန္ဓာကိုယ်ဟာ နာကျင်မှုခံစားမနေရပါ။ သူမက မျက်လုံးလေးခိုးကြောင်ခိုးဝှက်ဖွင့်၍ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သည်။ ခြံဝင်းအသေးလေးက နဂိုအတိုင်းရှိနေသေးလျက် သစ်ပင်ပန်းမန်များလည်း အကောင်းအတိုင်းပင်။ အရာအားလုံး အဆင်ပြေပြေရှိနေကြသေးသည်။

သူမခေါင်းကိုလှည့်လိုက်သည့်အခါ တုန်းဖန်းချင်းချင်းတစ်ယောက် သူမနောက်ကျောတွင် မတ်တပ်ရပ်လို့နေကြောင်း မြင်လိုက်ရ၏။ သူလက်များက အင်းကွက်တစ်မျိုးရေးဆွဲနေကာ ယခင်ကထက် အများကြီးသေးသွားသော အကာအရံစည်းတစ်ခုကို ဖန်တီးထားသည်။ ဤတစ်ခေါက်တွင် အကွာအဝေးဟာ သူ့ဆီကနေ (၂)ကျန့်[(၁)ကျန့်=(၃.၃)မီတာ]ခန့်သာရှိတော့သည်။ ခေါင်မိုးမှာ မိုးကြိုးအပစ်ခံခဲ့ရကာ လမ်းကျဉ်းလေးတစ်ခုလုံး ပြာပုံစိုက်သွားခဲ့လေပြီ။

တုန်းဖန်းချင်းချန်းက သူမအား ကယ်တင်ပေးလိုသည်ဟု သစ်ခွပန်းလေး စိတ်ထဲ တွေးထင်မိခဲ့သည်။ သို့သော် သေချာပြန်ကြည့်လိုက်သည်အခါ တုန်းဖန်းချင်းချန်းဟာ တစ်ချက်လေးမျှရွေ့မသွားခဲ့ခြင်းပင်။ သူဟာ သူမသူ့ခန္ဓာကိုယ်ထဲမှထွက်လာခဲ့စဉ်က ရပ်နေခဲ့သည့်နေရာတွင်သာ ရှိနေဆဲဖြစ်၏။

သူမအား ကာကွယ်ပေးနေခြင်းမျိုး မဟုတ်ဘဲ သူ့ကိုယ်သူကာကွယ်ရန် အကာအရံစည်းတစ်ခု ဖန်တီးလိုက်ခြင်းဆို ပိုမှန်ပေလိမ့်မည်။

သူမနှင့် ဘေးနားတွင်အချိန်အတော်ကြာအောင် ကြက်သေသေနေနေခဲ့သော အမျိုးသားတို့အား တုန်းဖန်းချင်းချန်းတစ်ယောက် တိုက်တိုက်ဆိုင်ဆိုင် ကာကွယ်ပေးမိသွားခြင်းပင်။

သစ်ခွပန်းလေးက မတ်တပ်ကောက်ရပ်လိုက်ကာ ဖုန်ခါလျက် တုန်းဖန်းချင်းချန်းကို တစ်ချက်ကြည့်ကြည့်လိုက်သည်။ တုန်းဖန်းချင်းချန်း၏နဖူးပေါ်တွင် ချွေးများစို့လို့နေကြောင်း မြင်သွားသဖြင့် သူမက “မိစ္ဆာကြီး၊ ရှင်နုလုံးက နာနေတုန်းပဲလား။ ရှင်မလှုပ်နိုင်လောက်အောင် နာနေတာလား”

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now