အခန်း (၈၁) အခန္း (၈၁)

1.7K 351 89
                                    

[Unicode]

အမွှေးနံ့ရေးရေးလေးတစ်ခု တုန်းဖန်းချင်းချန်း၏နှာခေါင်းထဲ တိုးဝင်လာသည်။ သူ့မျက်တောင်များ နည်းနည်းလှုပ်ခတ်လို့သွားပြီးနောက် မျက်လုံးများဖွင့်လိုက်၏။

စတုရန်းပုံခြံဝင်းလေးထဲတွင် သစ်ပင်၊ ပန်းမန်ပေါင်းစုံကို အိုးများဖြင့် စိုက်ပျိုးထားလေသည်။ ၎င်းတို့ထဲမှ အများစုဟာ သစ်ခွပင်များဖြစ်ကြသည်။ ဤအခိုက်အတန့်တွင် အရပ်ရှည်ရှည်အမျိုးသားတစ်ဦးက ရေကရားတစ်လုံးကိုကိုင်လျက် သစ်ခွများအား နှုတ်ဆိတ်စွာဖြင့် ရေလိုက်လောင်းပေးနေသည်။ သူ့ပုံစံက အလွန်အေးဆေးပေါ့ပါးနေဟန်ပင်။

တုန်းဖန်းချင်းချန်းတစ်ယောက်မျက်မှောင်ကြုတ်လို့သွားသည်။ လှုပ်ရှားလိုသော်လည်း သူ့ခန္ဓာကိုယ်မှာ တစ်စက်လေးမှလှုပ်လို့မရဘဲဖြစ်နေ၏။ သူ့ခြေထောက်များကို ရေခဲစိုင်များဖုံးနေခြင်းဖြစ်မည်ဟု သူ့စိတ်ထဲ တွေးထင်လိုက်မိသည်။ သို့သော် လှမ်းငုံ့ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ ရေခဲစိုင်များမှာ လုံးဝပျောက်သွားကြလေပြီ။ သူ့လှုပ်ရှားမှုအား ကန့်သတ်ချုပ်နှောင်ထားသည်မှာ ရွှေရောင်အလင်းအလွှာတစ်ခုဖြစ်နေသည်။

အတုပ်နှောင်ခံထားရသည့်အတွက် တုန်းဖန်းချင်းချန်းတစ်ယောက် စိတ်မချမ်းမမြေ့ဖြစ်မသွားခဲ့ပါ။ သူ့အား စိတ်မချမ်းမမြေ့ဖြစ်စေသည့်အရာမှာ ထိုပုဂ္ဂိုလ်လက်ရှိလုပ်ဆောင်နေသော အပြုအမူပင်။

အလွန်တရာအေးအေးလူလူရှိလွန်းလှပုံမှာ တုန်းဖန်းချင်းချန်းဘက်မှ စိတ်မကြည်မသာဖြင့် လှမ်းပြောမိရသည်အထိပင်။ "မင်းမှာ ရေလေးဘာလေးလောင်းချင်စိတ်မျိုး ရှိနေသေးတယ်ပေါ့လေ"

သစ်ခွပန်းလေးအား ဤပုဂ္ဂိုလ်ဆီခေါ်လာရန် တုန်းဖန်းချင်းချန်းတစ်ယောက် အင်မတန်မှကို အားစိုက်ထုတ်ခဲ့ရပါသည်။ အခြားမည်သည့်အရာမှမပါဘဲ ဤပုဂ္ဂိုလ်ဘက်မှ သူမအား ကယ်တင်ကောင်း၊ ကယ်တင်နိုင်လိမ့်မည်ဟူသော ဖြစ်နိုင်ချေလေးအပေါ် အလောင်းအစားပြုကာ လုပ်ခဲ့ရခြင်းပါ။ သို့ပါသော်လည်း ဤပုဂ္ဂိုလ်ကမူ ယခုအချိန်တွင် စိုးရိမ်ကြောင့်ကြစိတ်ဖြစ်မနေရုံမက ဤနေရာမှာပင် ပန်းများကို ရေလေးလာလောင်းလျက် ပေါ့ပေါ့ပါးပါးနေနိုင်သေးသည်လော။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now