ပထမအခန်းပို ပထမအခန္းပို

2.8K 319 33
                                    

[Unicode]

နတ်ပြည်တစ်သောင်း၏အပျက်အစီးပုံထဲမှ သစ်ခွပန်းလေးနှင့် တုန်းဖန်းချင်းချန်းတို့ထွက်ခွာသွားခဲ့ကြပြီးနောက် ချန်မင့်တစ်ယောက် ရက်ပေါင်းများစွာ ငူငူငိုင်ငိုင်ကြီးဖြစ်လို့သွားခဲ့သည်။

တစ်နေ့တွင် စီးမင့်နှင့် ချန်ယွမ်းတို့ နတ်ပြည်တစ်သောင်း၏အပျက်အစီးပုံထဲ ထိုနှစ်ယောက်မေ့ထားခဲ့သည့် အရိုးသစ်ခွအား စူးစမ်းကြည့်နေကြကြောင်း ချန်မင့် မတော်တဆတွေ့မိသွားခဲ့သည်။ ချန်ယွမ်းက ပြုံးလျက် စကားဆိုလာသည်။ "မင်းအရင်တုန်းက စေ့စပ်ကြောင်းလမ်းတဲ့ခန်းဝင်ပစ္စည်းမရမှာ စိုးရိမ်နေခဲ့တာ မဟုတ်လား။ ဒါက အဲ့ဒါတွေထဲက တစ်ခုပဲပေါ့"

စီးမင့်၏နှုတ်ခမ်းပါးလေးများ ကော့တက်လို့သွားကြကာ "ဒါက ရတနာတစ်ခုပဲ။ ကာကွယ်စောင့်ရှောက်ခံရတဲ့သူက သေချာကြပ်ကြပ်မတ်မတ်စောင့်ရှောက်ကာကွယ်မှုမျိုးကို ရတာ။ ဒါပေမဲ့ နတ်ပြည်တစ်သောင်းရဲ့အပျက်အစီးပုံထဲမှာတော့ ဒါက လုံးဝကို မလိုအပ်တဲ့အရာပဲ။ အလွန်ဆုံးမှ စေ့စပ်ကြောင်းလမ်းတဲ့ခန်းဝင်ပစ္စည်းကြီးရယ်လို့ အတွေးလေးတစ်ခုပဲ ကျန်ရစ်ရုံရှိမယ်"

ဤစကားလုံးများကြားသော် ချန်မင့်က ရက်ပေါင်းများစွာတွေးတောကြည့်နေခဲ့သည်။ နောက်ဆုံးမှ တစ်ရက်တွင် သူဟာ စီးမင့်ဆီ ပြေးသွားလျက် တုံ့ဆိုင်းဆိုင်းဟန်ဖြင့် "မေမေ၊ သား အရိုးသစ်ခွကိုလိုချင်တယ်"

စီးမင့်တစ်ယောက် အံ့အားသင့်လို့သွားကာ "သားက အရိုးသစ်ခွနဲ့ဘာလုပ်ချင်လို့လဲ" သူမက ခေါင်းကိုစောင်းလျက် တွေးကြည့်လိုက်ကာ "သားညီမလေး အနိုင်ကျင့်လာတဲ့အခါကျရင် ပြန်သမရအောင်လို့လား။ အဲ့ဒါတော့ အဆင်မပြေဘူး။ အရိုးသစ်ခွဆိုတာ ဇီဝိန်ခြွေလိုဟန်အရမ်းပြင်းတယ်၊ မင်းရဲ့ညီမလေးကို ထိခိုက်နာကျင်စေလိမ့်မယ်"

"မဟုတ်ပါဘူး" သူက အချိန်အကြာကြီး စကားမဆိုဘဲနေနေပြီးမှ "သားက အဲ့ဒါကို လိုချင်ရုံပါပဲ"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါOnde histórias criam vida. Descubra agora