အခန်း (၁၄) အခန္း (၁၄)

1.6K 406 32
                                    

[Unicode]

မိစ္ဆာဈေးထဲမှထွက်လာ၍ တောအုပ်ထဲသို့လျှောက်လာခဲ့ကြသည့် တစ်လျှောက်လုံး သစ်ခွပန်းလေးဟာ လမ်းနေရာမှ ရပ်ရပ်ပစ်လို့နေ၏။

တုန်းဖန်းချင်းချန်းက ကြိတ်မှိတ်သည်းညည်းခံထားပါသေးသည်။ သို့ပေမဲ့လည်း သူ့ဘယ်ခြေထောက်နှင့် ညာခြေထောက်တို့အချင်းချင်း လိမ်လိမ်သွားလျက် ခလုတ်တိုက်ပါများလာသည့်အခါ နောက်ဆုံးတွင် သူဟာ သည်းမခံနိုင်တော့ချေ။ သူ့မျက်နှာမှာ လငပုတ်ဖမ်းထားသကဲ့သို့ဖြစ်လာလျက် အေးတိအေးစက် စကားဆိုလာသည်။ "ဘာဖြစ်နေတာလဲ။ တောအုပ်ထဲမှာရော အသစ်အဆန်းတွေတွေ့လို့ ကြည့်နေရတုန်းပဲလား"

သစ်ခွပန်းလေးက အင်္ကျီလည်ပင်းကို စိတ်မသက်မသာဖြင့် တောင်တောင်ဤဤလျှောက်ကုတ်နေရင်းမှ "မိစ္ဆာကြီး နည်းနည်းပူနေတယ်လို့ မခံစားရဘူးလား"

တုန်းဖန်းချန်းချန်းက သရော်ဟန်ရယ်လိုက်ကာ "ဆေးလေးနည်းနည်းပါးပါးက မင်းရဲ့စိတ်ကို ကရောက်ကယက်ဖြစ်စေတာပဲ။ မင်းဆိုတဲ့နတ်သမီးက ကိုယ့်ဘာသာကျင့်ကြံအားထုတ်ထားခဲ့တယ်ဆိုတာ တကယ်ရော ဟုတ်ရဲ့လားကွာ"

"ဆေး" သစ်ခွပန်းလေးက အင်္ကျီလည်ပင်းကို ဆွဲပစ်နေရင်းကဆိုလာသည်။ တုန်းဖန်းချင်းချန်းဟာ နည်းနည်းမျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမ၏ဘယ်ဘက်လက်အား ပုတ်ချလိုက်သည်။ သူ့အနေဖြင့် အပြစ်တင်ဝေဖန်ခြင်းမပြုရသေးမီ သစ်ခွပန်းလေးက စိတ်ရှုပ်စွာဆိုလာသည်။ "အင်္ကျီလည်ပင်းလေးနည်းနည်းလောက်ဖြဲပြီး အသက်ရှုလို့ရအောင် လုပ်ခွင့်ပေးစမ်းပါ။ ကျွန်မပူလွန်းလို့ သေတော့မယ်ရှင့်"

တုန်းဖန်းချင်းချန်းက ခပ်တန်းတန်းပင် "ဒါဖြင့်လည်း သေလိုက်လေ"

သစ်ခွပန်းလေးက ဒေါသတကြီးဖြင့် အံ့ကြိတ်လိုက်ကာ "အဝတ်လေး နည်းနည်းပါးပါး ချွတ်ပစ်တာလေးကိုရှင်။ ရှင်က ယောင်္ကျားရင့်မာကြီးတစ်ယောက်ပဲဟာ။ ဘာတွေများ ရှက်စရာရှိလို့လဲ။ တစ်ယောက်ယောက်တွေ့သွားလို့ရှိရင် နစ်နာမယ့်သူက ကျွန်မပါ" ခဏရပ်လိုက်ပြီးနောက် သစ်ခွပန်းလေးက ဆက်ပြောလိုက်သည်။ "ထပ်ပြောရရင်၊ ရှင့်ခန္ဓာကိုယ်ပေါ်မှာ ကျွန်မမတွေ့ဖူးသေးတဲ့နေရာရော ရှိသေးလို့လား"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now