အခန်း (၇၀) အခန္း (၇၀)

1.5K 328 46
                                    

[Unicode]

ကျူးရှန်းထိုင်စင်မြင့်အောက်ဘက်ရှိ ဇီဝိန်ခြွေစွမ်းအင်ပြင်းပြင်းများက တစ်ဟုန်ထိုးထွက်ပေါ်လာကြလျက် နတ်မင်းများကိုယ်တိုင်ပင် သူတို့ကိုယ်သူတို့ မကာကွယ်နိုင်၊ မထိန်းချုပ်နိုင်ဖြစ်နေရလေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ တုန်းဖန်းချင်းချန်းဆီ အာရုံမထားနိုင်ကြတော့ပါ။ သို့သော် နတ်စစ်သည်တော်များနှင့် စစ်နတ်ဘုရားတို့ ထိုပြင်းထန်လှသောဇီဝိန်ခြွေစွမ်းအင်များမှ ပြန်လွတ်မြောက်လာချိန် ဤတဒင်္ဂအတွင်းလေးမှာပင် တုန်းဖန်းချင်းချန်း၏ကိုယ်ရောင်အရှိန်အဝါဟာ နတ်ပြည်အဝန်းအဝိုင်းထဲ၌ အာရုံခံကြည့်လို့မရတော့လေပြီ။

သူလွတ်သွားခဲ့ပါပြီ။ (၃)လောကကြီးက အပြောကျယ်လွန်းလှ၏။ မိုးနှင့်မြေကြားတွင် ထူးခြားဆန်းပြားလှသည့် အပေါက်ကြီးပေါင်း မြောက်မြားစွာရှိကြလေရာ မိစ္ဆာဧကရာဇ် မည်သည့်အရပ်သို့သွားမည်မှန်း မည်သူမျှမသိရှိကြချေ။ မိစ္ဆာဧကရာဇ်၏ခန္ဓာကိုယ်သာပြန်ကောင်းလာခဲ့ပြီးလျှင် သူ့အား သုတ်သင်ပစ်ရန်အခွင့်အရေးတစ်ခုကို ရှာဖွေ၍မရနိုင်တော့မှာမျိုး စိုးရပါသည်...

ဇီဝိန်ခြွေစွမ်းအင်များကြား အသည်းအသန်ရုန်းကန်လှုပ်ရှားနေကြရသော နတ်များကိုကြည့်လျက် နတ်ဧကရာဇ်မင်းတစ်ယောက် မျက်မှောင်ကြီးကြုတ်လိုက်မိသည်။

###

သူမမည်မျှကြာအောင် အိပ်ပျော်သွားခဲ့ကြောင်း သစ်ခွပန်းလေးမသိတော့ပါ။ သူမအိပ်မက်တစ်ခုမြင်မက်ခဲ့ကြောင်းသာ သိလေ၏။ အိပ်မက်ထဲတွင် စီးမင့်က သူမကိုစကားဆိုလာခဲ့သည်။ "ငါ မင်းကို ထပ်မလိုချင်တော့ဘူး။ မင်း အဲ့ဒီအယုတ်တမာအကြီးစားကြီးနဲ့အတူတူ ကိုယ့်ကိုကိုယ်ပေါက်ခွဲပစ်ပြီးသေလိုက်လို့ရပြီ"

အခါတိုင်းနှင့်မတူညီစွာပင်၊ သခင်၏ထိုကဲ့သို့ အေးစက်စက်မျက်နှာထားကြီးကိုကြည့်လျက် သစ်ခွပန်းလေး မငိုမိတော့ပါ။ သူမဟာ ငူငူငေါင်ငေါင်ကြီးသာရပ်နေ၍ စီးမင့်ကို တွေတွေကြီးစိုက်ကြည့်နေမိသည်။ ထိုသို့ဆိုလာသည်ကိုကြည့်ပြီးသည့်နောက် တဖြည်းဖြည်း ဝေးဝေးသွားကာ အမှောင်ထုထဲဝင်ရောက်သွားသော စီးမင့်နောက်ကျောကို သူမကြည့်နေခဲ့လေသည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now