အခန်း (၁၂) အခန္း (၁၂)

1.9K 395 71
                                    

[Unicode]

သစ်ခွပန်းလေးက ခေါင်းကိုလှည့်လျက် သူမအနောက်ဘက်တွင်ရပ်နေသော 'တုန်းဖန်းချင်းချန်း' အားကြည့်လိုက်သည်။

သူဟာ မျက်လုံးကို မှိတ်လို့ထားသည်။ သူ့ခန္ဓာကိုယ်က ကျောက်တုံးကျောက်စိုင်များဖြင့် ထုဆစ်ထားခြင်း ဖြစ်သော်လည်း တုန်းဖန်းချင်းချန်းအစစ်နှင့် အသားအရေ၊ ပုံပန်းသွင်ပြင်အားဖြင့် မည်သည်မျှ ကွာခြားခြင်းမရှိချေ။

အစစ်တောင်ဖြစ်ချင်ဖြစ်နေဦးမည်လော။ သစ်ခွပန်းလေးက သူမလက်များကို ပွတ်လိုက်ပြီးနောက် အနောက်သို့ဆုတ်လျက် ထိုအရာထဲ အားကုန်ပစ်ဝင်လိုက်သည်။ သို့သော် ခန္ဓာကိုယ်အား တစ်ခါတည်းဖြတ်ထွက်သွားလျက် အထဲသို့လုံးဝဝင်မသွားချေ။

ကျောက်သားကျောက်စိုင်များနှင့်ပြုလုပ်ထားသည့် သက်မဲ့အရာဖြစ်နေသောကြောင့် ဝိညာဉ်တစ်ခုအား ထိန်းမထားလိုက်နိုင်ခြင်းပေ။

သစ်ခွပန်းလေးဟာ အလွန်စိတ်ဓာတ်ကျလို့သွားမိသည်။ ဒုနှင့်၊ ဒေးနှင့်ဖြစ်နေသော 'တုန်းဖန်းချင်းချန်း'ပေါင်း မြောက်မြားစွာကိုကြည့်လျက် ရုတ်တရက် ခေါင်းထဲမှပေါက်ကွဲထွက်လုမတတ် ခံစားလိုက်ရသည်။ မည်သည့်တစ်ခုအား ရွေးရပါမည်နည်း။ သူမက ခေါင်းမော့လျက် အဖြူရောင်အရိပ်အား သနားစဖွယ်လေးလှမ်းကြည့်လိုက်သည်။ သို့သော် အဖြူရောင်အရိပ်ကား 'တုန်းဖန်းချင်းချန်း'ပေါင်းမြောက်မြားစွာကို ထုတ်ထားခဲ့ပြီးနောက် ပျောက်ကွယ်လို့သွားလေပြီ။

ဘယ်လိုလုပ်ရပါ့မလဲနော်...

ဘေးဘယ်ညာသို့ သစ်ခွပန်းလေးကြည့်လိုက်မိသည်။ အလယ်ကောင်တွင်ရှိနေသည့် အမျိုးသမီးအား ကြည့်လိုက်မိသည့်အခါ မျက်လုံးများ အရောင်တောက်လို့သွား၏။ အမြင့်တစ်နေရာမှ လှမ်းကြည့်ကြည့်ကြပါစို့။ ရှုထောင့်ပြောင်းသွားလျှင် ပိုရှင်းရှင်းလင်းလင်း ဖြစ်ချင်ဖြစ်လာနိုင်ပါသည်။

သူမက အလယ်ကောင်သို့ အမြန်ပြေးသွားလိုက်သည်။ သို့သော် ရုပ်တုရှေ့သို့ပြေးသွား၍ ရုပ်တုအောက်ခံခုံကိုပင် မထိရသေးမီ အလွန်အေးလှသည့်စွမ်းအင်တစ်မျိုး သူမခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာကြောင်း ခံစားလိုက်ရသည်။ ထို့နောက် မည်သို့မျှတုံ့ပြန်ချိန်ပင်မရလိုက်ဘဲ မြေပြင်ပေါ် ဘုန်းခနဲ၍ကျသွားတော့သည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါKde žijí příběhy. Začni objevovat