အခန်း (၇၆) အခန္း (၇၆)

1.4K 311 35
                                    

[Unicode]

နတ်ပြည်သို့ပြန်မသွားရသေးကာ ကျူးရှန်းထိုင်ထဲသို့ အတွန်းချမခံရသေးမီက သစ်ခွပန်းလေးဟာ မည်သို့ပင်ဖြစ်စေ အသက်ရှင်သန်လိုနေမိသည်။ အကြောင်းမှာမူ ထိုအချိန်က သူမ၏နုလုံးအိမ်ထဲ၌ သူမသခင်နှင့် နတ်ပြည်အား စိုးရိမ်နေသောကြောင့်ပင်။ ဤခက်ခဲလှသည့်အချိန်ကိုလွန်မြောက်သွားပါက သူမဘဝဟာ ကောင်းမွန်သွားလိမ့်မည်ဟုလည်း မျှော်လင့်မိခဲ့သေးသည်။

သို့သော် ယခုလက်ရှိတွင်မူ ကွဲပြားခြားနားလို့သွားလေပြီ။

သစ်ခွပန်းလေးဟာ သူမ၏သခင်ကို ဆုံးရှုံးခဲ့ရသည်။ နတ်ပြည်မှ စွန့်ပစ်ခြင်းကို ခံခဲ့ရ၏။ ဤခက်ခဲလှသည့်အချိန်ကိုလွန်မြောက်သွားပြီးသည့်နောက် နောက်ထပ်ခက်ခဲလှသည့်အချိန်တစ်ခုရောက်လာခဲ့သည်။ သူမ အေးအေးဆေးဆေး၊ သက်သက်သာသာနေနိုင်သော နေရာဟူ၍ တုန်းဖန်းချင်းချန်းဘေးမှနေရာသာရှိခဲ့သည်။ သို့ပါသော်လည်း တုန်းဖန်းချင်းချန်းက သူမအား အကြိမ်ပေါင်းများစွာလှည့်စားခဲ့ဖူးသည်။ ထို့ကြောင့် သူမနှလုံးအိမ်ထဲ၌ တုန်းဖန်းချင်းချန်းကို ယုံကြည်လို့မရခဲ့ပါ။

ယခုလောလောဆယ်ဆယ်တွင် သစ်ခွပန်းလေးအတွက် မိစ္ဆာကြီးမှ သူမအား သေခွင့်မပေးခဲ့ခြင်းမှာ သူမ သေရန်အချိန်မကျသေး၍သာဖြစ်သည်။ ရံဖန်ရံခါတွင် သူမအား သနားကြင်နာစွာဖြင့် အသက်ရှင်ခွင့်ပေးခဲ့လျှင်ပင် ထိုအရာဟာ ရံဖန်ရံခါသာဖြစ်ပေလိမ့်မည်။ သူမအား စတေးရမည့်အချိန်ရောက်လာခဲ့သော် တုန်းဖန်းချင်းချန်းဟာ တွေးတောစဉ်းစားမနေဘဲ၊ စကားတစ်ခွန်းဆိုမနေတော့ဘဲ ကန်ထုတ်ပစ်မှာအသေအချာပင်။ သူမဟာ မည်သူကိုမျှ ယုံကြည်လို့မရနိုင်ချေ။

ထို့ကြောင့် မျှော်လင့်ချက်ကင်းမဲ့နေသည့် ဤဘဝမျိုး၌ တစ်ရက်တာကုန်လွန်သွားခြင်းက ထိုတစ်ရက်အတွက် လုံ​လောက်လို့နေပါပြီ။

ချိသိအမျိုးသမီးက (၃)လောကထဲသို့ ပြန်မလာလိုကြောင်း ဆိုခဲ့သည်။ ထို့ကြောင့် သူမက ချိသိအမျိုးသမီး၏စကားကိုနားထောင်လျက် အသက်ပိုကြာကြာနေနိုင်အောင် အတတ်နိုင်ဆုံးကြိုးစားနေပါသည်။ သို့ပါသော်လည်း...

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါजहाँ कहानियाँ रहती हैं। अभी खोजें