အခန်း (၆) အခန္း (၆)

2.7K 507 40
                                    

[Unicode]

တုန်းဖန်းချင်းချန်းက သစ်ခွပန်းလေးအား ခန္ဓာကိုယ်တစ်ခု ကူညီ၍ပုံသွင်းပေးမည်ဟု ကတိ​တော့ပေးလိုက်ပါသည်။ သို့သော် သူ့အနေဖြင့် အရင်ဆုံး မြေအောက်တမလွန်လောကတွင် အချက်အလက်များရှာဖွေရန်ရှိသေးကြောင်း တုန်းဖန်းချင်းချန်းက ဆိုလာခဲ့သည်။

ဤကိစ္စအား ထူးဆန်းသယောင် သစ်ခွပန်းလေးထင်မိသည်။ မြေအောက်တမလွန်လောကရှိ စာအုပ်များထဲတွင် မွေးဖွားမှုနှင့်သေဆုံးမှုမှတ်တမ်းများမှလွဲ၍ ခန္ဓာကိုယ်တစ်ခုထုဆစ်ပုံသွင်းရန် မည်သည့်အချက်အလက်များ ရရှိနိုင်ပါအံ့နည်း။ သို့ပါသော်လည်း တုန်းဖန်းချင်းချန်းဘက်မှ ရှာဖွေလိုကြောင်းဆိုလာခဲ့သည့်အတွက် သူမဟာ သူ့အား ရှာခွင့်ပေးထားလိုက်ရလေသည်။ ယခုအချိန်၌ သူတို့ဟာ ခန္ဓာကိုယ်တစ်ခုတည်းကို မျှသုံးနေကြခြင်းဖြစ်သော်လည်း သစ်ခွပန်းလေးဟာ သူ့စိတ်ထဲမည်သို့ရှိနေသည်ကိုတော့လှမ်းမမြင်နိုင်ပါ...

သို့သော် ထိုရှုပ်ထွေးပွေလီလှသည့် အငြင်းပွားဖွယ်ရာများကိုသာ ဖယ်လိုက်လျှင် သစ်ခွပန်းလေးနှင့် တုန်းဖန်းချင်းချန်းတို့ သိနားလည်ထားရန်လိုသည့် အရေးပေါ်ကိစ္စရပ်တစ်ခုရှိလို့နေပါသေးသည်...

တုန်းဖန်းချင်းချန်း၏မျက်နှာကြီးဟာ မှုန်ကုတ်လို့နေလျက် "ဒီအရှင်က မင်းကို လျှောက်လို့ပြောရင် မင်းလျှောက်လိုက်ပေါ့။ ငါ့အတွက် ခြေလှမ်းကိုနည်းနည်းပိုကျဲပြီးလျှောက်ပေးစမ်း"

ယမမင်း၏စက်တော်ဆောင်ထဲ သစ်ခွပန်းလေးနှင့် တုန်းဖန်းချင်းချန်းတို့ အိပ်ရာထက်ပြန်နိုးလာခဲ့ပြီးသည့်နောက်ပိုင်းတွင် သူတို့ဟာ အပြင်သို့ တစ်ခါမှ မထွက်ဖြစ်ခဲ့ကြချေ။ တုန်းဖန်းချင်းချန်း၏ ဒေါသတကြီးအော်ဟစ်လာသံကိုကြားသော် သစ်ခွပန်းလေး၏ အကြောက်တရားများဟာလည်း အမျက်ဒေါသများအဖြစ်သို့ပြောင်းသွားကြ၍ "ကျွန်မ မလျှောက်ဘူး။ ကျွန်မ ဘယ်လောက်ကြီးကြီးလှမ်းရဦးမှာလဲ။ လိမ်ပြီး ရှုပ်ကုန်မှာ စိုးတယ်ရှင့်"

"ဘာက လိမ်ပြီးရှုပ်ကုန်မှာလဲ"

"ဘာက လိမ်ပြီးရှုပ်ကုန်မလဲဆိုတာ ရှင်မပြောနိုင်ဘူးလား"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါOnde histórias criam vida. Descubra agora