အခန်း (၄၅) အခန္း (၄၅)

1.3K 337 43
                                    

[Unicode]

သူမဤခန္ဓာကိုယ်ကိုရရှိခဲ့ပြီးသည့်အချိန်မှစ၍ သူမဟာ ပြိုးပြိုးပြက်ပြက်တောက်ပနေသည့်ပုံရိပ်တစ်ခုကဲ့သို့ ဖြစ်လာသည်ဟု ခံစားနေရ၏။ သူမမည်သည့်အရပ်သို့သွားသွား တစ်ယောက်ယောက်က သူမအားမြှားဖြင့်ချိန်လို့နေတတ်သည်။ သူမသတိလေးနည်းနည်းလွတ်သွားသည့်အချိန်ကိုသာ စောင့်ဆိုင်းနေကြလျက် လွတ်ပြီဆိုသည်နှင့် တန်း၍ ပစ်ကြ၊ခတ်ကြတော့သည်။

သစ်ခွပန်းလေးက တုန်းဖန်းချင်းချန်းနောက်သို့ တိတ်တိတ်လေးရွှေ့သွားလိုက်သည်။ ထို့နောက်တွင်မူ မြေပြင်ကိုသာစိုက်ကြည့်နေလိုက်၍ မိစ္ဆာဈေးပိုင်ရှင်အား မကြည့်တော့ချေ။

ဓားအိမ်အား မြွေအရေခွံဖြင့်ပုံသွင်းပြုလုပ်ထားခဲ့ပါသည်။ မိစ္ဆာဈေးမှလက်မှုပညာရှင်များ၏ လက်ရာမှာ ကောင်းမွန်ကြလေသည်။ သူတို့က မြွေရေခွံအား အလွန်အမင်းချောမွတ်ပြောင်လက်နေသည်အထိ အရောင်တင်ပေးထားကြ၏။

သို့ပါသော်လည်း နှစ်ပေါင်းထောင်ချီမျှသာသက်တမ်းရှိသော မြွေမိစ္ဆာဟာ အလွန်အဆင့်နိမ့်နေပါသေးသည်။ ရှော့ဖုန်းဓား၏အအေးဓာတ်ကို ဖိနှိပ်ထားနိုင်စွမ်းမရှိသေးပါ။ မြွေအရေခွံများတစ်ခုနှင့်တစ်ခု ထပ်သည့်နေရာကြားရှိအဟလေးများမှ အအေးဓာတ်အငွေ့ဟာ ထွက်ပေါ်လို့နေဆဲပင်။ ထို့ကြောင့် ဓားအိမ်၏မျက်နှာပြင်ပေါ်တွင် ရေခဲစိုင်လေးများ ဖြစ်ပေါ်လို့နေကြ၏။

တုန်းဖန်းချင်းချန်းက ဓားကို ဓားအိမ်ထဲမှဆွဲထုတ်လျက် စစ်ဆေးကြည့်လိုက်သေးသည်။ သူ ဓားအိမ်ထဲသို့ဓားအား ပြန်ရိုက်ထည့်လိုက်ချိန်တွင် မိစ္ဆာဈေးပိုင်ရှင်ဘက်မှ ပါးစပ်ဟလာကာ "ရှော့ဖုန်းဓားရဲ့အအေးဓာတ်မျိုးရှိနိုင်မယ့် အခြားပစ္စည်းတစ်ခုခု ဒီလောကကြီးထဲ ဘယ်နှယ့်လုပ်ရှိနိုင်ပါတော့မလဲ။ မိစ္ဆာဧကရာဇ်အရှင်က အရမ်းတွေအတွေးလွန်နေပါပြီဗျာ" စကားဆိုပြီးသည့်နောက် သူက ဘီးတပ်ကုလားထိုင်ကိုတွန်းလျက် ခြံဝင်းလေးထဲမှ သူ့ဘာသာထွက်သွားကာ "ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို လိုက်ပို့ပေးပါ့မယ်"

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now