အခန်း (၆၆) အခန္း (၆၆)

1.3K 315 22
                                    

[Unicode]

အနီရောင်ချပ်ဝတ်တန်ဆာကြီး လောကထဲပြန်ပေါ်လာပြီး ရှော့ဖုန်းဓားကြီးဆီမှ ဇီဝိန်ခြွေလိုဟန်များထွက်ပေါ်လို့နေခြင်းမျိုး။ ဤကဲ့သို့သောမြင်ကွင်းမျိုးဟာ တုန်းဖန်းချင်းချန်းတစ်ယောက် မြင်တွေ့လိုခဲ့သောမြင်ကွင်းပင်။

သို့ပါသော်လည်း ထိုပစ္စည်းများအား ကိုင်တွယ်ထိန်းချုပ်နေသူမှာ တလွဲဖြစ်နေသည့်အခါတွင်မူ တုန်းဖန်းချင်းချန်းနှလုံးအိမ်ထဲ သူ့ယှဉ်ပြိုင်ဘက်နှင့် နောက်တစ်ကြိမ်ပြန်ဆုံရသည့်ခံစားချက်မျိုး နည်းနည်းလေးမျှပင် မခံစားမိချေ။ သူက မျက်လုံးများကိုသာမှေးစင်းလျက် သစ်ခွပန်းလေးအား သိမ်မွေ့နက်နဲသည့်လေသံမျိုးဖြင့် ဆိုလာသည်။ "ပန်းမိစ္ဆာလေး၊ မင်းအခု မင်းရဲ့ဓားနဲ့ ဒီအရှင်ကို ရွယ်ထားတာလား"

ဇီဝိန်ခြွေလိုဟန်အငွေ့အသက်များကြား သစ်ခွပန်းလေး၏ဓားထိပ်ဟာ တဒင်္ဂမျှတုန်ယင်လို့သွားလေသည်။

သို့သော် မကြာမီပင် အနီရောင်ချပ်ဝတ်တန်ဆာမှထွက်လာသည့်တန်ခိုးအစွမ်းက သူမခါးကိုပင့်မတ်ပေးလိုက်လျက် သစ်ခွပန်းလေးအား သူမကိုယ်သူမယုံကြည်လာမှုမျိုး အနည်းငယ်မျှပေးစွမ်းလိုက်လေသည်။ သူမက သူမကိုယ်သူမတည်ငြိမ်အောင်ထိန်းလိုက်လျက် "မိစ္ဆာကြီး၊ ကျွန်မရဲ့နဂိုမူလခန္ဓာကိုယ်က ဘာလဲဆိုတာ ရှင်သိတယ်မလား"

ထိုစကားလုံးများကိုကြားသော် တုန်းဖန်းချင်းချန်း၏မျက်လုံးများက လှုပ်ခတ်လို့သွားလျက် စကားဆိုမလာခဲ့ချေ။

"ကျွန်မက ရှေးသစ်ခွမျိုးပဲ။ ကျွန်မမှာ ဝိညာဉ်တွေကိုနဂိုအတိုင်းပြန်ပြီးဖြစ်လာအောင်လုပ်နိုင်တဲ့ အာနိသင်မျိုးရှိတယ်။ ရှင်လည်း အဲ့ဒါကို သိနေတယ်။"

တုန်းဖန်းချင်းချန်းက နှုတ်ဆိတ်လို့နေနေဆဲပင်။ သို့သော် သူ့မျက်လုံးများထဲတွင်ဖြစ်ပေါ်သွားသော အပြောင်းအလဲများကို သစ်ခွပန်းလေး ရှင်းရှင်းလင်းလင်းကြီးမြင်တွေ့လိုက်ရပါသည်။ သူ့နှုတ်ဆိတ်နေမှုဟာ အခြားအကြောင်းပြချက်များကြောင့်မဟုတ်ဘဲ နှုတ်ဆိတ်စွာဖြင့်ဝန်ခံနေခြင်းဖြစ်ကြောင်း သူမ သိလိုက်၏။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now