အခန်း (၁၆) အခန္း (၁၆)

1.7K 352 67
                                    

[Unicode]
 

မိစ္ဆာဈေးပိုင်ရှင်၏အကြံပြုချက်အားကြားသော်လည်း တုန်းဖန်းချင်းချန်းဘက်ကမူ ခပ်တန်းတန်းပင် နေနေလျက် အရေးမစိုက်ချေ။ သူက ပါးစပ်ကိုအုပ်ထားသည့်လက်အားချလိုက်ကာ စောစောပိုင်းကရှိခဲ့သည့် သူ၏တင်တင်စီးစီးဟန်ပန်ကြီးအတိုင်း ပြန်နေလျက် “ဒီအရှင်ကို မလေးမစားလုပ်ဝံ့ပြီးသွားရင် ဘယ်သူမှ သူတို့ခန္ဓာကိုယ်တစ်ခုလုံး အကောင်းတိုင်းကျန်နေသေးတာမျိုး မရှိဖူးသေး… အွန့်… အွန်း…”

သူ့ပါးစပ်ထဲမှထပ်ထွက်လာသည့် နောက်ဆုံးစကားလုံး(၂)လုံးကို ကြားလိုက်ရချိန်တွင် တုန်းဖန်းချင်းချန်း၏နားထင်ရှိ အပြာရောင်သွေးကြောတို့ ဆတ်ခနဲခုန်လို့သွား၏။ သူက လက်ကိုမြှောက်လျက် ထိုနေရာကိုဖိထားလိုက်ကာ “… ဘယ်သူမှာ ခန္ဓာကိုယ်အပြည့်နဲ့ ထွက်မသွားနိုင်သေး… အွန်း… အမ်”

သစ်ခွပန်းလေး၏ဝိညာဉ်ဟာ တုန်းဖန်းချင်းချန်းခန္ဓာကိုယ်ထဲ အိပ်ပျော်လို့နေသဖြင့် သူစကားပြောရာမှ ထွက်လာသည့်ဆူညံသံများကြောင့် အနှောင့်အယှက်ဖြစ်နေပုံရသည်။ ထို့ကြောင့် တစ်ချိန်လုံး ညည်းညူလို့နေသည်။ တုန်းဖန်းချင်းချန်းခမျာ နောက်တစ်ကြိမ် ပါးစပ်ကိုအုပ်ထားလိုက်ရပြန်၏။

သူ့အပြုအမူများကြောင့် ကျန် (၃)ယောက်စလုံး အူတိအူကြောင်လှမ်းကြည့်လာကြတော့သည်။

တုန်းဖန်းချင်းချန်း၏နဖူးပေါ်ရှိ သွေးကြောပြာများဟာ အထိန်းအကွပ်မဲ့ တဆတ်ဆတ်ခုန်လို့နေကြ၏။ သူကြိတ်မှိတ်သည်းခံထားနေစဉ် အခြေအနေများက ငြိမ်လို့သွားကုန်ကြသည်။ မြွေစိမ်းမိစ္ဆာက ရုတ်တရက်အတွေးပေါက်လာကာ သူ့သမီးအားဖက်လျက် ထွက်ပြေးရန်ကြိုးစားလေသည်။ မြွေအမြီးလှုပ်သွားပြီးသည့်နောက် မြေပြင်ပေါ် အသံလေးတစ်သံထွက်ပေါ်လို့သွား၏။

တုန်းဖန်းချင်းချန်းခမျာ တစ်ကိုယ်လုံး မိစ္ဆာဒေါသမီးများ ပြည့်လို့နေလျက် ပုံအောပစ်လိုက်ရမည့်နေရာ မရှိဘဲဖြစ်နေရှာသည်။ ထိုအချိန်၌ ဤအသံအားကြားမိသွားသော် မျက်လုံးကိုပင့်လိုက်လေသည်။ သူ့ဘေးဘေးလည်ရှိ ဇီဝိန်ခြွေလိုသည့်စွမ်းအင်များမှာ တဟုန်ထိုးထိုးတက်လာတော့၏။ မိစ္ဆာဈေးပိုင်ရှင်မှာ ထိုအရာကို တားဆီးနိုင်စွမ်းမရှိတော့ပါ။ လေထဲတွင် စွမ်းအင်လှိုင်းတစ်ခုမှထွက်လာသည့်‘ရွှတ်’ခနဲ အသံတစ်ချက်မြည်သွားပြီးနောက် လက်တစ်ဘက်စာမျှအရှည်ရှိသော မြွေအမြီး ပြတ်ထွက်သွားတော့သည်။

[Completed]သစ်ခွပန်းလေးနှင့်မိစ္ဆာအရှင်တို့ ကွဲကွာသွားကြသောအခါWhere stories live. Discover now