Chapter - 14: ဤကမ္ဘာ (ဤကမာၻ)

Start from the beginning
                                    

ထို့ထက် ချူဟွမ်ကို ပို၍ အံ့အားသင့်သွားစေသောအရာသည်ကား ငလျင်လှုပ်သွားချိန်တွင် ထိုကလေးများမှာ ထူးဆန်းလှသော တူညီသည့် ဆက်နွယ်နားလည်မှုတစ်ခုဖြင့် ကောင်းကင်ကို တစ်ပြိုင်တည်း မော့ကြည့်လိုက်ကြခြင်းပင် ဖြစ်ချေသည်။

/ဒါက သူတို့ယုံကြည်မှုတစ်ခုခုနဲ့ ဆက်စပ်နေလို့များလား? ရှေးခေတ်လူတွေက လကြတ်ရတာ လမင်းကြီးကို ထျန်းကို*က ဝါးမြိုလိုက်လို့ ဖြစ်လာတာလို့ ယုံကြသလိုမျိုး လီယီလူမျိုးတွေကလည်း ငလျင်လှုပ်ရတာ ကောင်းကင်ဘုံက တစ်ခုခုနဲ့ သက်ဆိုင်နေတယ်လို့ ထင်နေကြတာပဲလား?

ဒါဆိုရင် သူတို့မျက်နှာအမူအရာတွေက ရန်သူတစ်မျိုးမျိုးနဲ့ ရင်ဆိုင်ရသလိုပုံမျိုး ဖြစ်နေကြတာက ဘာသဘောလဲ?/

[ထျန်းကို (天狗) - တိုက်ရိုက် ဘာသာပြန်ရရင်တော့ "ကောင်းကင် ခွေး" ပေါ့။ တရုတ်ဒဏ္ဍာရီအရ အဲ့သတ္တဝါက အနက်ရောင်ခွေးတစ်ကောင်ပုံစံမျိုးရှိပြီး နေနဲ့ လကို ဝါးမျိုတတ်တဲ့အတွက် နေကြတ်ခြင်း၊ လကြတ်ခြင်းတွေ ဖြစ်ရတယ်လို့ ယူဆကြပါတယ်]

အလွန်လျင်မြန်စွာပင် ချူဟွမ်တစ်ယောက် ရန်သူနှင့်ရင်ဆိုင်နေရသည်မှာ ကလေးများသာမကကြောင်း သိရှိလိုက်ရလေသည်။ ထိုနေ့ညနေစာသင်ချိန်တွင် အတန်းလာတက်ကြသောသူများမှာ လူတိုင်းနီးပါးပင်ဖြစ်ကြ၏။ ချူဟွမ်၏ စာသင်ချိန်များမှာ အတော်လေးလွတ်လပ်ပေါ့ပါးကာ စာသင်ချင်သော မည်သူမဆို လာတက်နိုင်ကြပြီး အတန်းကို လူအများထံ ကန့်သတ်ချက်မရှိ ဖွင့်ပေးထားခြင်း ဖြစ်ချေသည်။ ပုံမှန်အားဖြင့် လီယီမျိုးနွယ်စုထဲမှ လူငယ်လူရွယ်များအနက် တစ်ဝက်လောက်သာ လာလေ့ရှိကြကာ အချို့သော အခြားသူများကား နေ့စဉ်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ ရှိနေကြလျက် ကျန်သောသူများက တောင်ကို ကင်းလှည့်စောင့်ကြပ်ရပြီး မျိုးနွယ်စုထဲတွင် အလွန်လျင်မြန်သော မြင်းများကို မွေးမြူထားကြသည်မှာ ဤအတွက်ပင် ဖြစ်ပေသည်။

သို့ရာတွင် သည်နေ့၌ကား ကျောက်ပြားဖြူကြီးဘေးမှ လူအရေအတွက်မှာ ရုတ်တရက် တိုးများလာပြီး ထိုထဲမှ အချို့သည် တောင်စဉ်ကင်းလှည့်တာဝန်ကို သွားရောက်ထမ်းဆောင်နေကြသင့်သောသူများ ဖြစ်ကြလေ၏။ ထိုသူများအားလုံး ကိုယ်ပေါ်တွင် လက်နက်များသယ်ဆောင်ထားကြကာ လူအများမမြင်အောင် လက်နက်များကို ဘောင်းဘီထဲ ထည့်ဖွက်ထားကြချေသည်။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now