မျက်မမြင် အချစ်(၁၂)

Start from the beginning
                                    

" မင်း မျက်နှာပန်းလှဖို့အတွက် ကျုပ်က ဘာလို့ ဆင်းလာရမှာလဲ? မင်းတို့ဘာသာ အေးဆေး အီကြ ။ မင်းက ကျွမ်းပါတယ် ကျုပ်အဖေကိုတောင် ကြွေအောင်လုပ်နိုင်သေးတာပဲ ။ ကျုပ် ညီမလောက်က မပြောပလောက်ဘူး ။ ဟုတ်တယ်မလား? "

မျက်ခုံးထူထူကို ပင့်ပြီးပြောသော ကိုစစ်ရဲ့ စကားက ဒေါသထွက်ချင်စရာကောင်းပေမယ့် သူရဲ့ချောမောလှပသော ရုပ်ရည်ကြောင့် စည်းခွင့်လွှတ်ပေးလိုက်ပါမယ် ။

" ဟုတ်ပါတယ်.... အင်း... ဘယ်ပြောလို့ရမလဲ
ခင်ဗျားလည်း မျက်စိမြင်ရရင် ကျွန်တော့်ကို ကြွေရင် ကြွေသွားမှာပေါ့...
ကျွန်တော်ကိုက လူတွေကို
ဖမ်းစားတက်တာဗျ...!
ဆင်းလာတာမဆင်းလာတာတော့ ခင်ဗျားအပိုင်းပဲ ကျွန်တော်က လာအသိပေးတာ "

" မင်း...မင်း.....ကျုပ်က မင်းကို ကြွေရအောင် ကျုပ်က Gay မဟုတ်ဘူးကွ! ကျုပ်အမေ အရမ်းမုန်းတဲ့ Gayတွေကို ကျုပ်လည်းမုန်းတယ်
မင်းကို ကျုပ် ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး"

ထိုစကားက စည်းရဲ့ ရင်ကို မီးစနဲ့ထိုးသလိုပဲ နာကျင်ရတယ် ။ ရုတ်တရက်ကျဆင်းလာတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ဖိသုတ်ကာ
စည်းရောင်စုံ ပြန်ထွက်မည်အလုပ်

" ခဏ.... ကျုပ်ကိုပါ တခါထဲ ခေါ်သွား... သူများကို ဖိတ်ထားပြီးမှ ဧည့်မခံရင် ရိုင်းရာကျမယ် ။ ကျုပ်အမေက ကျုပ်ကို အဲ့လိုလုပ်ရမယ်လို့ မသင်ပေးထားဘူး "

စည်း ဘာစကားမှ ပြန်မပြောမိပါ ။
ကိုစစ်ရဲ့ လက်ကို ကူတွဲပေးဖို့ လက်လှမ်းပြီးမှ ခုဏကစကားကို ပြန်ကြားယောင်ကာ
ပန်းချီဆွဲတဲ့ စုတ်တံကို လှမ်းယူလိုက်ပြီး ကိုစစ်ကို ကိုင်စေသည် ။ စုတ်တံလေးကို ဆွဲကာ အအောက်ထပ်သို့ ခေါ်လာခဲ့သည် ။

အောက်ထပ်ရောက်တော့ ကိုစစ်အတွက် ခုံပြင်ပေးပြီး မိမိလည်းဝင်ထိုင်လိုက်သည် ။
ခဏကြာတော့ ကားသံကြားရသည် ။
မခင်ရတနာမင်းလည်း ရောက်လာပြီး ကိုစစ်ကို နှုတ်ဆက်ကာ ညစာ ထမင်းလက်ဆုံ စားဖြစ်ရင်း company အကြောင်းတော်တော်များများလဲ မေးဖြစ်သည် ။

ဦးတက်မင်းလူက ကောင်းမွန်တဲ့ ကျန်းမာရေးကို လူသားတွေအတွက် ကြိုးစားပေးချင်တာကြောင့်
အော်ဂဲနစ်စိုက်ပျိုးရေးကုမ္ပဏီကို တည်ထောင်ခဲ့တာဖြစ်သည် ။

မျက်မမြင် အချစ် (မျက်မမြင် အချစ်)boy LoveWhere stories live. Discover now